Wednesday, September 5, 2012

ကညွတ်အသားပြားကင်

ပါဝင်ပစ္စည်းများ
ကညွတ်(၁၀ချောင်း)၊၀က်အသားပြား(၂၀၀ဂရမ်)၊ဂျင်း/ကြက်သွန်ဖြူ(အနည်းငယ်)၊ဟင်းခတ်မှုန့်အနည်းငယ်၊
Lightsauce(အနည်းငယ်)၊
Sauceပြုလုပ်ရန်အတွက်ပါဝင်ပစ္စည်းများ
သကြား-၃ဇွန်း(table spoon)
light sauce-၃ဇွန်း(table spoon)
black sauce-၂ဇွန်း(table spoon)
Oyster sauce-၅ဇွန်း(table spoon)
ငရုပ်ကောင်းမှုန့်-အနည်းငယ်
ကော်မှုန့်-အနည်းငယ်
ရေ-အနည်းငယ်
ချက်ပြုတ်နည်း
စတင်ချက်ပြုတ်တော့မယ်ဆိုရင်ကညွတ်ရိုးကိုအခွံနွှာ၍သန့်ရှင်းထားပါ။ဝက်သားကိုပါးပါးလှီး၍ဂျင်း၊ကြက်သွန်
ဖြူအရည်၊ဟင်းခတ်မှုန်၊lightsauceတို့နှင့်နယ်၍ကညွတ်ရိုးတွင်ပတ်ပါ။ထို့နောက်ပတ်ထားသောဝက်သားပြား
နှင့်ကညွတ်ရိုးကို၃လက်မအရွယ်ခန့်လှီးဖြတ်ပြီးလျှင်မီးအပူရှိန်အနည်းငယ်ဖြင့်ကင်ပေးပါ။ 
သကြားကိုအနည်းငယ်လှော်ပေးပြီးရေ၊sauceအားလုံးကိုထည့်၍ပွက်ပွက်ဆူသည်အထိချက်ပေးပါ။ကော်မှုန့်ကို
ရေအနည်းငယ်ဖျော်ထည့်ပြီးပြစ်လာသည်အထိမွှေပေးပါ။ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပါ။ပြစ်လာလျှင်
မီးကင်ထားသောကညွတ်အသားပြားပေါ်လောင်းထည့်၍စားသုံးနိုင်ပါပြီ။ 

 
 

No comments:

Post a Comment