Saturday, September 22, 2012

အာလူးကိုအသုံးပြုခြင်း

၁)ဆားများသွားတဲ့ဟင်းကိုပြုပြင်ပါ။
     ဟင်းချိုရည်ဒါမှမဟုတ်ဟင်းထဲဆားခတ်တာများလွန်းသွားသလား။အဲဒီဟင်းအိုးထဲအာလူး၂စိတ်၃စိတ်လောက်
ထည့်ပြီး၁၀မိနစ်ခန့်ထားလိုက်ပါ။အာလူးကပိုနေတဲ့ဆားတွေကိုစုပ်ယူနိုင်တာကြောင့်အငန်အရသာလျော့သွားနိုင်ပါတယ်။

၂)ငွေထည်ပစ္စည်းတွေတောက်ပြောင်အောင်ပြုလုပ်ပါ။

ငွေထည်ပစ္စည်းတွေအရောင်မှိန်နေရင်အောက်ပါအတိုင်းပြုလုပ်ပါ။အာလူးကိုရေထဲပြုတ်ထည့်ပြီးအာလူးကိုဖယ်ရှား
ကာအာလူးပြုတ်ရည်ကိုအအေးခံပါ။အဲဒီအရည်ထဲကိုငွေထည်ပစ္စည်းတွေထည့်ပြီးတစ်နာရီလောက်ထားရင်ငွေထည်
တွေဟာအသစ်အတိုင်းတောက်ပြောင်သွားနိုင်ပါတယ်။အာလူးပြုတ်ရည်မှာပါဝင်တဲ့ဒြပ်ပေါင်းတွေဟာငွေထည်ပစ္စည်း
နဲ့ဓာတ်ပြုသွားပြီးငွေထည်ပေါ်မှအဆီတွေ၊ဂျီးတွေအလွယ်တကူကင်းစင်သွားနိုင်ပါတယ်။

No comments:

Post a Comment