Tuesday, September 11, 2012

အောက်ရှူးဘောင်းဘီများနှင့်တွဲဖက် ဖက်ရှင်


ပြောင်းလဲလာတဲ့ဖက်ရှင်ပုံစံတွေကိုလိုက်ပြီးသင့်ဖက်ရှင်ပုံစံတွေကိုပြောင်းလဲပစ်ရမယ်လို့မဆိုလိုပေမယ့်ဟိုးအရင်
က၀တ်နေကျပုံစံတွေကိုသင်ကပြန်ဝတ်မယ်ဆိုရင်တော့သင့်အတွက်လတ်တလောဖက်ရှင်ကျသူတစ်ယောက်မ
ဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်အခုအချိန်မှာလူအများပိုပြီးနှစ်သက်နေကြတဲ့ပုံစံအပြောများတဲ့ပုံစံတွေကိုလိုက်ပြီးဖက်
ရှင်ပုံစံကပြောင်းလဲလာတတ်ပါတယ်။၂၀၁၀လောက်ကတည်းကပြန်ခေတ်စားလာခဲ့တဲ့အောက်ရှူးဘောင်းဘီလေး
တွေကအခုချိန်ထိတိုင်လူတိုင်းဝတ်ဆင်နေကြပြီးခေတ်စားနေဆဲဖြစ်ပါတယ်။ဘယ်လိုဖက်ရှင်ပုံစံလေးတွေပံ့ပိုးကူညီ
လိုက်ရင်ပိုပြီးပြည့်စုံသွားမလဲဆိုတာကိုတော့လေ့လာကြည့်ရအောင်။

ပုံမှန်ထသွားထလာဆိုရင်
    ရောင်စုံဘောင်းဘီလေးတွေကိုအပေါ်ကတီရှပ်လေးတွေ၊စပို့ရှပ်လေးတွေနဲ့တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။လက်ပြတ်
ခါးရှည်စွပ်ကျယ်လေးတွေနဲ့ပေါ့ပါးလွပ်လပ်တဲ့ဖက်ရှင်ပုံစံအဖြစ်ဖန်တီးပေးနိုင်ပါတယ်။ရှူးဖိနပ်အပါးလေးတွေ၊ဖိနပ်အပါး
လေးတွေနဲ့လိုက်ဖက်မှုရှိပါတယ်။

ပွဲတက်ဖက်ရှင်ဖြစ်ချင်ရင်
   ပွဲတက်တွေမှာလည်းအောက်ရှူးဘောင်းဘီလေးတွေကိုဝတ်ဆင်နိုင်ပါသေးတယ်။အောက်ရှူးဘောင်းဘီလေး
တွေကိုလည်သာဖိနပ်အရှည်လေးတွေနဲ့တွဲဖက်ပြီးကုတ်အကျီင်္လေးတွေနဲ့တွဲဖက်ကာကန်းထရီးစတိုင်အဖြစ်ဝတ်
ဆင်နိုင်သလိုပွဲတက်အနေနဲ့လည်းစမတ်ကျတဲ့ဝတ်စုံတစ်စုံအဖြစ်ဖန်တီးနိုင်ပါတယ်။

တွဲဖက်သင့်သောအိတ်ဖက်ရှင်
 ပေါ့ပါးလွတ်လပ်တဲ့အသွင်ကိုဆောင်ချင်ရင်တော့ကြိုးအရှည်အိတ်ပါးပါးလေးတွေကလိုက်ဖက်မှုရှိပါတယ်။ပွဲ
တက်တွေမှာလည်းအောက်ရှူးဘောင်းဘီဝတ်ဆင်သူတွေအနေနဲ့ဘေးလွယ်အိတ်သေးသေးတွေကပိုပြီးသင့်တော်
ပါတယ်။လက်ကိုင်အိတ်ကိုသုံးမယ်ဆိုရင်တော့ဖန်ဆီကျောက်ပါလက်ကိုင်အိတ်မျိုးတွေအစားဘေးလက်ဆွဲအိတ်ခပ်
ကြီးကြီးတွေကပိုပြီးအထာကျနေမှာပါ။

တွဲဖက်စီးနိုင်သောဖိနပ်များ
အောက်ရှူးဘောင်းဘီကဘယ်လိုဖိနပ်ပုံစံမဆိုလိုက်ဖက်မှုရှိပါတယ်။ဒါပေမဲ့သင်သွားမဲ့နေရာ၊သင်တက်ရောက်မဲ့ပွဲ
အခြေအနေပေါ်မူတည်ပြီးဝတ်ဆင်ပေးသင့်ပါတယ်။ဖိနပ်အပါးပဲဖြစ်စေ၊နောက်မြင့်ပဲဖြစ်စေ၊ရှူးဖိနပ်ပဲဖြစ်စေ
သင်အပေါ်ဝတ်ဆင်မဲ့ပုံစံပေါ်မူတည်ပြီးလိုက်ဖက်အောင်ဝတ်ဆင်ပေးန်ုင်ပါတယ်။လည်သာနဲ့ပိတ်သားရှူးဖိနပ်လေး
တွေကတော့အောက်ရှူးဘောင်းဘီလေးတွေနဲ့အလိုက်ဖက်ဆုံးပါပဲ။

 
 

     

No comments:

Post a Comment