Saturday, September 22, 2012

ပေါင်မုန့်တစ်ချပ်ကိုအသုံးပြုခြင်း

၁)မှန်ကွဲစတွေကိုသိမ်းပါ။
သင့်ကြမ်းပြင်ပေါ်ပန်းကန်ဒါမှမဟုတ်ဖန်ခွက်လွတ်ကျလို့မှန်ကွဲစတွေသိမ်းရခက်နေသလား။အစကြီးတွေကိုအလွယ်တကူ
ကောက်ယူနိုင်ပေမယ့်သေးငယ်တဲ့အစတွေကိုတော့ကောက်ယူနိုင်ဖို့ပေါင်မုန့်တစ်ချပ်ကိုဖန်ကွဲစတွေရှိတဲ့နေရာမှာတင်ထား
လိုက်ပါ။ပေါင်မုန့်မှာရှိတဲ့အပေါက်လေးတွေကသင့်မျက်စိနဲ့မမြင်နိုင်တဲ့ဖန်ကွဲစတွေကိုပါစုပ်ယူနိုင်တာမို့ဖန်ကွဲစတွေအကုန်စင်
သွားနိုင်ပါတယ်။

၂)မာကျောတဲ့အစာတွေကိုပျော့ပျောင်းအောင်လုပ်ဖို့
 ကွတ်ကီးဒါမှမဟုတ်သကြားထုတ်တွေကြပ်ခဲကြီးဖြစ်နေသလား။အဲဒီအစာထည့်ထားတဲ့အိတ်ထဲကိုပေါင်မုန့်တစ်ချပ်ထည့်
ပြီးလေလုံအောင်စည်းထားပါ။၆နာရီလောက်ထားလိုက်ပါ။ကျပ်ခဲဖြစ်နေတဲ့အစာတွေဟာပေါင်မုန့်မှရေငွေ့ကိုစုပ်ယူသွားနိုင်
တာမို့ပေါင်မုန့်ကမာကျောသွားပြီးအဲဒီအစာတွေကလတ်လတ်ဆတ်ဆတ် ပြန်ဖြစ်သွားနိုင်ပါတယ်။


No comments:

Post a Comment