ကလေးငယ်တွေရဲ့ခန္ဓာကိုယ်တွင်းစနစ်တွေကနုနယ်လွန်းတာကြောင့်ကလေးငယ်ကျန်းမာပြီးဘေးအန္တရာယ်ကင်း
ကင်းနဲ့ကြီးပြင်းလာအောင်စောင့်ရှောက်တဲ့အခါမှာဆောင်ရန်၊ရှောင်လေးတွေသိထားဖို့လိုပါတယ်။
* ဆောင်ရန်
၁)မွေးကင်းစကလေးတွေအိပ်စက်တဲ့အခါမှာအမြဲတမ်းစောင့်ကြည့်ပေးပါ။ဒါမှမဟုတ်ကလေးငယ်ကိုအိမ်မှာလူရှိ
တဲ့နေရာမှာသိပ်ထားပေးပါ။မိဘတွေရဲ့လျစ်လျူရှူမှုကြောင့်ကလေးတွေဟာအိပ်ရင်းမှောက်သွားရာကရုတ်တရက်
ကလေးငယ်သေဆုံးရတတ်ပါတယ်။
၂)ကလေးငယ်တွေကိုစကားပြောပေးပါ၊သီချင်းဆိုပြပါ။ဒါဟာကလေးငယ်ကိုစောင့်ရှောက်မှုမှာအထူးအရေးပါပါတယ်။
ဒီလိုစကားပြောပေးတာကြောင့်ကလေးတွေဟာတုံ့ပြန်လွယ်တတ်ပါတယ်။
၃)မွေးကင်းစကလေးငယ်ကိုပွေ့ဖက်တာ၊နှိပ်နယ်တာ၊မိခင်နို့တိုက်ကျွေးတာစတဲ့လုပ်ဆောင်မှုတွေကိုဆောင်ရွက်
ပေးပါ။ဒါဟာကလေးငယ်ကိုကျန်းမာစေသလိုစိတ်ခံစားမှုအားလည်းကောင်းစေပါတယ်။
၎)ကလေးငယ်ကိုအမူအရာတွေနဲ့ပြောဆိုရှင်းပြတာမျိုးလုပ်ပါ။ကလေးကစကားမပြောနိုင်သေးလို့မတုံ့ပြန်နိုင်ပေမဲ့
သင့်အပြုအမူကြောင့်ကလေးရဲ့တုံ့ပြန်နိုင်စွမ်းကတခြားသက်တူကလေးတွေထက်ပိုမြန်တတ်ပါတယ်။
၅)ကလေးကိုအသက်၆လအထိမိခင်နို့ချိုတစ်မျိုးတည်းကိုသာတိုက်ပါ။ရေကိုတောင်တိုက်စရာမလိုပါဘူး။ကလေး
ငိုနေရင်အာရုံပြောင်းသွားအောင်လုပ်ပေးပါ။
*ရှောင်ရန်
၁)မိဘတချို့ဟာငိုနေတဲ့ကလေးကိုအငိုတိတ်အောင်ဆိုပြီးလှုပ်ယမ်းကာချော့လေ့ရှိပါတယ်။ဒါဟာမွေးကင်းစကလေး
တွေအတွက်မသင့်တော်ပါဘူး။
၂)မွေးကင်းစကလေးငယ်အတွက်တညလုံးအိပ်ဖို့တော့မမျှော်လင့်ပါနဲ့။အိပ်လိုက်၊နို့ဆာလို့နိုးလိုက်၊သေးစိုလို့နိုး
လိုက်..အဲဒီလိုသံသရာလည်နေတတ်ပါတယ်။ဒါကြောင့်လအနည်းငယ်အထိတော့ကလေးငယ်ကတစ်ညလုံးအကြာ
ကြီးမအိပ်တဲ့အတွက်စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့။
၃)ကလေးငယ်ကိုအိမ်မွေးတိရစ္ဆာန်တွေနဲ့အတူမထားပါနဲ့။ဘယ်လောက်သေးငယ်ပြီးရန်မပြုနိုင်တဲ့တိရစ္ဆာန်ဖြစ်
ပါစေ၊ကလေးငယ်ကိုဓာတ်မတည့်မှုဖြစ်စေနိုင်တာကြောင့်ကလေးအတွက်အန္တရာယ်ရှိပါတယ်။
၎)ကလေးကိုနို့တိုက်နေတဲ့မိခင်အဖို့ကလေးငယ်ရဲ့ကျန်းမာရေးအတွက်အစားရှောင်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။
၅)ကလေးကိုဖြည့်စွက်စာကျွေးလို့ရတဲ့အချိန်မှာကလေးတွေကြိုက်တတ်တဲ့အချိုစာတွေကိုမကျွေးပါနဲ့။ကလေးငယ်
ကိုသွားပိုးစားစေနိုင်လို့ပါ။
No comments:
Post a Comment