Thursday, November 29, 2012

X-masအတွက်ပြင်ဆင်မွမ်းမံမှု





Christmasအတွက်ပြင်ဆင်မွမ်းမံတဲ့အခါကလေးငယ်လေးများရှိတဲ့အိမ်အတွက်တော့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေမှာပါ။
ဘာကြောင့်လဲဆိုတော့ပွဲအတွက်အပြင်အဆင်၊အဆောင်အယောင်တွေဟာသူတို့အတွက်စိတ်ဝင်စားစရာအကောင်း
ဆုံးကစားစရာဖြစ်နေလို့ပါပဲ။
X-masသစ်ပင်မှာအဆင်အယင်၊တန်ဆာပလာတွေသူ့နေရာနဲ့သူချိတ်ဆွဲတပ်ဆင်ရင်သေချာမြဲမြံအောင်ချည်နှောင်ပါ။
အလွယ်တကူဖြုတ်ယူလို့မရအောင်ကြိုးများကိုနှစ်ပင်၊သုံးပင်လိမ်ပြီးချည်ပါ။
အိမ်တွင်းမှာဖယောင်းတိုင်တွေထွန်းချင်ရင်လည်းဂရုတစိုက်ရှိပါစေ။ခရစ်စမတ်သစ်ပင်များ၊အဆင်တန်ဆာများနဲ့အခြား
မီးလောင်လွယ်သောအရာများနဲ့လွတ်ကင်းအောင်ထွန်းညှိပါ။ဖယောင်းတိုင်တွေထွန်းပြီးတဲ့အခါကလေးများသာအခန်းထဲ
မှာချန်ထားရစ်ပြီးထွက်မလာပါနဲ့။ဖယောင်းတိုင်များ၊မီးခြစ်များကိုကလေးများလက်လှမ်းမမှီသည့်နေရာခပ်ဝေးဝေးမှာထားပါ။
ပြတင်းပေါက်နားအ၀င်အထွက်တံခါးဝနားမှာဖယောင်းတိုင်ကိုဘယ်တော့မှမထွန်းမိပါစေနဲ့။သတ္တုနှင့်ပြုလုပ်ထားသည့်ခရစ်စ
မတ်သစ်ပင်ပေါ်မှာလျှပ်စစ်မီးသီးရောင်စုံတွေထွန်းခြင်းကိုလုံးဝရှောင်ပါ။သစ်ပင်အစစ်များကိုရွေးချယ်ခဲ့ရင်တော့ပန်းအိုး(သို့)
သစ်ပင်အောက်ခြေကိုမြဲမြံစွာထောင်မတ်နေစေဖို့ဂရုစိုက်ရပါမယ်။အပူရှိသောနေရာ(အသားကင်မီးဖို၊ဖယောင်းတိုင်များ၊အလှ
ဆင်လျှပ်စစ်မီးသီးများစသည်)များ၊၀င်ပေါက်ထွက်ပေါက်နှင့်ခပ်ဝေးဝေးမှာနေရာချထားပါ။ပြီးလျှင်ပွဲတော်မတိုင်မီနေ့စဉ်ရေမှန်
မှန်လောင်းပေးဖို့လိုပါတယ်။
လူတို့ပြုပြင်မွမ်းမံထားသောသစ်ပင်အတုများဝယ်ယူခဲ့လျှင်တော့မီးလောင်မှုကိုကာကွယ်ဟန့်တားနိုင်သည့်အာမခံချက်ပေးထား
သောအပင်များကိုဝယ်နိုင်လျှင်တော့အကောင်းဆုံးပါ။
သင့်အိမ်ရှိမီးလင်းဖိုနားတွင်ခြေအိတ်များကိုအလှဆင်ချိတ်ဆွဲဖို့စိတ်ကူးထားလျှင်တော့မီးလင်းဖိုကိုအသုံးမပြုမှအန္တရာယ်ကင်းလိမ့်မယ်။




2 comments:

  1. အခုလို ဒီဇင်ဘာလေးမှာ ခရစ်မစ်ပြင်ဆင်မှုလေးတွေကို တင်ပြတဲ့အတွက်ကျေးဇူးပါ
    အိမ်ရှင်မလည်း အေးချမ်းလှတဲ့ ခရစ်မစ်လေးမှာပျော်ရွှင်နိုင်ပါစေနော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
    Replies
    1. ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်။အိမ်မက်ကောင်းကင်လည်းအေးချမ်းပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့
      ခရစ်စမတ်ကိုဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်တယ်နော်။

      Delete