စမုန်စပါးစားပါ
စမုန်စပါးမှာဗိုက်ပွတာ၊ဗိုက်နာတာ၊လေပွတာ၊ရင်ပူတာတွေကိုသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။သင်က
အစာမကြေဖြစ်လွယ်သူဆိုရင်အစာစားပြီးတဲ့အခါစမုန်စပါးဝါးစားပေးပါ။
ခံတွင်းနံ့နံခြင်း
ဒိန်ချဉ်သောက်ပါ
ခံတွင်းမှာအနံ့အသက်ကင်းစင်ချင်ရင်အကောင်းဆုံးလုပ်ဆောင်သင့်တာကဒိန်ချဉ်သောက်ပေးပါ။ဒိန်ချဉ်သောက်
တာကြောင့်ခံတွင်းမှာဟိုက်ဒရိုဂျင်ဆာလဖိုက်ကိုလျော့ချပေးနိုင်တာကြောင့်ခံတွင်းအနံ့မနံ့စေတာလို့သိရပါတယ်။
သစ်သီးနဲ့ရောတဲ့ဒိန်ချဉ်အစားရိုးရိုးဒိန်ချဉ်ကိုသာသောက်သုံးပေးသင့်ပါတယ်။
နေလောင်ခြင်း
နွားနို့အသုံးပြုပါ
သင့်ရဲ့နေလောင်ထားတဲ့အရေပြားကိုသေချာစွာသန့်စင်ဆေးကြောပါ။အ၀တ်စသန့်သန့်တစ်ခုကိုအေးနေတဲ့
နွားနို့ပန်းကန်ထဲထည့်နှစ်ပြီးနောက်နေလောင်ထားတဲ့အရေပြားပေါ်ကိုတို့ပြီးလိမ်းပေးပါ။ရေခဲသေတ္တာထဲမှာ
ထည့်ထားတဲ့နွားနို့ဖြစ်ရပါမယ်။ဒါမှအရေပြားပေါ်ထိတွေ့လာတဲ့နွားနို့ရဲ့အေးမြမှုကရောင်ရမ်းမှုကိုလျော့နည်းစေမှာပါ။
နွားနို့မှာပါတဲ့လက်တစ်အက်စစ်ကရောင်ရမ်းမှုကိုဆန့်ကျင်ပေးတဲ့အာနိသင်ရှိပါတယ်။နွားနို့အစားရောင်ရမ်းမှု
ကိုဆန့်ကျင်ပေးနိုင်တဲ့ဓာတ်ပေါင်းတွေပါဝင်တဲ့သံလွင်ဆီကိုလည်းအသုံးပြုနိုင်ပါတယ်။
ဝမ်းဗိုက်အဆီစုခြင်း
ထောပတ်သီးစား
ထောပတ်သီးထဲမှာကျန်းမာရေးနဲ့ညီညွတ်တဲ့မပြည့်ဝဆီတွေများစွာပါဝင်နေပါတယ်။ဒီအဆီတွေက
သင့်ခန္ဓာကိုယ်အလေးချိန်ကျအောင်စွမ်းဆောင်နိုင်ပါတယ်။
လက်ဖ၀ါးအရေခွံကွာကျခြင်း
သကြားအသုံးပြုပါ
သင့်လက်ဖ၀ါးကိုရေစွတ်ပြီးသကြားနဲ့ပွတ်ပေးပါ။သကြားတွေကသင့်လက်ဖ၀ါးမှာရှိတဲ့ဆဲလ်သေတွေနဲ့
ကွာကျနေတဲ့အရေခွံအစအနတွေကိုဖယ်ရှားပေးပြီးချေးကျွတ်စေပါတယ်။ပိုမိုထိရောက်စေဖို့သကြားပွင့်ကြီးကြီး
ကိုအသုံးပြုပေးပါ။
မကြာခဏခေါင်းကိုက်ခြင်း
ဟင်းနုနယ်ရွက်စားပါ
ဟင်းနုနယ်ရွက်မှာခေါင်းကိုက်တာကိုသက်သာစေတဲ့ဗီတာမင်ဘီအမျိုးအစားဖြစ်တဲ့ရိုက်ဗိုဖလေဗင်ပါဝင်ပါတယ်။
ဂျာမန်သုတေသီတွေကဟင်းနုနယ်ရွက်စားသုံးပေးတာကြောင့်ခေါင်းကိုက်တဲ့အကြိမ်အရေအတွက်ကိုလျှော့ချနိုင်ပြီး
ခေါင်းကိုက်ပျောက်ဆေးသောက်ရတဲ့အရေအတွက်လျှော့ချနိုင်တယ်လို့ပြောပါတယ်။ဗီတာမင်ဘီအုပ်စုကရေမှာပျော်
ဝင်တဲ့ဗီတာမင်အမျိုးအစားဖြစ်ကြောင့်ခန္ဓာကိုယ်ကသိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိပါဘူး။ဒါကြောင့်ဗီတာမင်ဘီ
အုပ်စုတစ်ခုလုံးကိုရရှိဖို့အတွက်နေ့စဉ်အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကိုစားသုံးပေးပါ။
အအေးမိနှာစေးခြင်း
ကြက်စွပ်ပြုတ်သောက်ပါ
အမေရိကန်သုတေသီတွေကကြက်သားနဲ့ဟင်းသီးဟင်းရွက်တွေပါဝင်တဲ့စွပ်ပြုတ်သောက်တာကသင့်ကိုခန္ဓာ
ကိုယ်တွင်းမှာရောင်ရမ်းမှုတွေကိုလျော့ချပေးတာကြောင့်အအေးမိနှာစေးဝေဒနာကိုသက်သာစေတယ်လို့ဆိုပါတယ်။
စိတ်ဆန္ဒနည်းခြင်း
ချောကလက်အညိုမှာပါဝင်တဲ့ကိုကိုးကအန်ဒေါ်ဖင်ဟော်မုန်းထွက်စေပြီးစိတ်ဆန္ဒအားနည်းတာကိုအကောင်းဆုံး
သက်သာစေကာစိတ်ကျေနပ်မှုကိုရရှိစေပါတယ်။နို့နဲ့သကြားဓာတ်များတဲ့ချောကလက်တွေမှာတော့ကိုကိုးပါဝင်မှု
နည်းတာကြောင့်အန်ဒေါ်ဖင်ဟော်မုန်းထွက်ဖို့မသေချာပါဘူး။
အရေပြားနှင့်နှုတ်ခမ်းခြောက်သွေ့ခြင်း
သံလွင်ဆီအသုံးပြုပါ
သံလွင်ဆီကသဘာဝကရတဲ့အဆီပါ။လက်ဖ၀ါးပေါ်ကိုသံလွင်ဆီအစက်အနည်းငယ်ချပြီးခြောက်သွေ့နေတဲ့အရေ
ပြားနဲ့ကွဲအက်နေတဲ့နှုတ်ခမ်းပေါ်ကိုညင်သာစွာပွတ်လိမ်းပေးပါ။သင့်အရေပြားနဲ့နှုတ်ခမ်းတွေနူးညံ့လာစေအောင်
သံလွင်ဆီကစွမ်းဆောင်ပေးပါတယ်။
အန္တရာယ်မရှိသောပိုးမွှားကိုက်ခံရခြင်း
ရှလကာရည်အသုံးပြုပါ
ပိုးမွှားကိုက်ခံရတဲ့နေရာပေါ်ကိုရှလကာရည်အနည်းငယ်ကိုတစ်သျှူးစက္ကူနဲ့တို့ပြီးလိမ်းပေးပါ။ရှလကာရည်မှာပါ
ဝင်တဲ့အက်စစ်ဓာတ်ကရောင်ရမ်းမှုကိုလျော့နည်းစေပါတယ်။ကုတ်ရာ၊ခြစ်ရာကိုတော့မလိမ်းသင့်ပါဘူး။
No comments:
Post a Comment