Wednesday, September 19, 2012

ရေချိုးခန်းထဲမှာအသုံးဝင်စေရန်

မျက်ဝန်းတစ်ဝိုက်ရှိမိတ်ကပ်များကိုဖျက်ချင်သည့်အခါbaby shampooဟာအကောင်းဆုံးမိတ်ကပ်ဖျက်
ဆေးပါ။မျက်စိတွင်းမတော်တဆ၀င်သွားရင်တောင်မပူမစပ်ဘဲဘေးထွက်ဆိုးကျိုးနည်းပါးစေပြီးအန္တရာယ်သိပ်မရှိ
နိုင်ပါဘူး။ဈေးခပ်ပေါပေါshampooကိုပလပ်စတစ်ဘူး၊ပုလင်းတစ်လုံးထဲထည့်ပြီးလက်ဆေးဆပ်ပြာရည်အဖြစ်အစား
ထိုးသုံးနိုင်ပါသေးတယ်။
ဆပ်ပြာခဲတွေကိုအသုံးမပြုမီတံဆိပ်ခွာပြီးနေပူလှန်းချင်လှန်း(သို့)ခြောက်သွေ့အောင်ခဏဖြန့်ထားပြီးမှသုံးရင်အတော်
ကြာကြာအသုံးခံတဲ့ချွေတာရေးနည်းကောင်းတစ်ခုမို့စမ်းကြည့်ပါဦး။
Hair conditionerကိုဒီအတိုင်းဘူးဖောက်မသုံးဘဲspray bottleခပ်ကြီးကြီးတစ်ခုထဲမှာconditioner၃ပုံ၁ပုံ
နှင့်ရေသန့်၃ပုံ၂ပုံထည့်ပြီးdiluteလုပ်၍ဆပွားသုံးလျှင်သင်ငွေပိုစုမိပါလိမ့်မယ်။အလားတူပဲshampooကိုလည်းအမျိုး
အစားကောင်းကောင်းဈေးကြီးကြီးမှသုံးချင်တယ်ဆိုရင်သည်နည်းနဲ့ဆင်တူစွာshampoo၃ပုံ၂ပုံနှင့်ရေ၃ပုံ၁ပုံကိုရောစပ်
ပြီးသုံးနိုင်ပါတယ်။နဂိုအာနိသင်မပြောင်းဘဲတူညီသောရလဒ်ကိုပဲပေးမှာသေချာပါတယ်။
သွားပွတ်တံအဟောင်းတွေကိုလွှင့်မပစ်ဘဲသိမ်းထားပါ။ရေချိုးခန်း၊ဘေဆင်၊ရေဘုံပိုင်ခေါင်းအောက်၊တံခါးပေါင်ထောင့်
စသည့်နေရာတွေကိုတိုက်ချွတ်ဆေးကြောရန်ခက်ခဲတဲ့နေ၇ာတွေကိုသန့်စင်တဲ့အခါအလွန်အသုံးဝင်တဲ့ပစ္စည်းဖြစ်ပါတယ်။
အခန်းထဲ၊ရေချိုးခန်းထဲမှာအနံ့အသက်ဆိုးများပျောက်ချင်ရင်မီးခြစ်ဘူးခွံ၂ခုလောက်ကိုမီးရှို့ပစ်လိုက်ရင်အနံ့တွေ
ကင်းစင်သွားပါလိမ့်မယ်။
ဈေးကြီးလွန်းတဲ့bathoilကိုမ၀ယ်နိုင်ရင်လည်းနည်းရှိပါတယ်။ရေမွှေးနမူနာအထုပ်လေးတွေပုလင်းသေးသေးလေးတွေကိုသိမ်းထားပြီးbaby
 oilလက်ဖက်ရည်ဇွန်း၂ဇွန်းမောက်မောက်နဲ့ေ၇ာပြီးရေချိုးကန်ထဲထည့်မွှေလိုက်ရင်မွှေးပျံ့နေတဲ့အိမ်တွင်းဖြစ် bath oilကိုရနိုင်ပါပြီ။

No comments:

Post a Comment