Thursday, September 13, 2012

ရေခဲလောင်းရမယ့်သစ်ပင်

အိမ်ထဲမှာသစ်ပင်လှလှလေးတွေစိုက်တာတော့ကောင်းပါရဲ့။ရေလောင်းရတာအခက်ကြုံနေတယ်လို့ဆိုသူတွေ
တစ်ပုံကြီးရှိနေပါတယ်။ပန်းအိုးထဲကစိမ့်ထွက်ကျလာမယ့်ရေကွက်တွေကအိမ်ကြမ်းပြင်အလှကိုပျက်စေတာကိုး။
လွယ်ပါတယ်။နောက်တစ်ခါဆိုရေမလောင်းဘဲရေခဲပဲလောင်းပေတော့။ရေခဲတုံးလေးတွေကိုထည့်ထားပေးရင်ရေ
ဝေါခနဲလောင်းချလိုက်တုန်းကလိုမဖြစ်တော့ဘူးပေါ့။ရေခဲတုံးလေးလဲတဖြည်းဖြည်းပျော်၊အပင်လည်းရေစုပ်လို့ရ၊
ကြမ်းပြင်လည်းအကွက်မထ၊ဘယ်လောက်ကောင်းသလဲနော်။

No comments:

Post a Comment