Tuesday, August 28, 2012

ပိုမိုလှပသွားအောင်

၁။လက်သည်းဝါတာပျောက်ချင်ရင်
 လက်သည်းနီတွေဆိုးပြီးလို့လက်သည်းအရောင်တွေဝါနေပြီဆိုရင်အလွယ်တကူဖြေရှင်းနိုင်ဖို့HydrogenPeroxideတစ်ဇွန်း
ကိုရေနွေးတစ်ခွက်နဲ့ရောပြီးလက်သည်းတွေကို၁၀မိနစ်လောက်စိမ်ထားကာBrushနဲ့ပွတ်တိုက်လိုက်ပါ။ဖြူဖွေးသွားပါလိမ့်မယ်။

၂။မိတ်ကပ်ဖျက်ဆေးမရှိရင်
 မိတ်ကပ်ဖျက်ဖို့Makeup removerကုန်သွားရင်သံလွင်ဆီကိုဝါဂွမ်းလေးနဲ့တို့ပြီးမျက်နှာအနှံပွတ်တိုက်ကာဖျက်နိုင်ပါတယ်။မျက်တောင်ပေါ်မှာသံလွင်ဆီတို့ထားတဲ့ဂွမ်းစလေးနဲ့ကပ်ထားပြီးMascaraတွေကိုလည်းဖယ်ရှားနိုင်ပါတယ်။
ပိုမိုနူးညံ့တဲ့အရေပြားလေးဖြစ်နေစေမှာပါ။

၃။မျက်နှာဖောင်းအစ်နေရင်
 မျက်နှာဖောင်းအစ်ပြီးရောင်ရမ်းနေတယ်ဆိုရင်ချင်းလက်ဖက်ရည်တစ်ခွက်လောက်သောက်လိုက်ပါ။လက်ဖက်ရည်ထဲကို
ချင်းတစ်ဆစ်လောက်လှီးထည့်ပြီးသောက်ပါ။ချင်းမှာရောင်ရမ်းမှုကိုကျစေတဲ့ဓာတ်တွေပါဝင်ပါတယ်။မနက်အိပ်ရာထချိန်ချင်း
လက်ဖက်ရည်တစ်ခွက်လောက်သောက်တာဟာသင့်အရေပြားကိုနာရီပိုင်းအတွင်းချောမွေ့ပြေပြစ်သွားစေပါတယ်။     

No comments:

Post a Comment