Monday, September 24, 2012

မိခင်ကောင်းများ၏လျှို့ဝှက်ချက်အချို့

မိခင်ကောင်းတွေကအိမ်ရှင်မကောင်းတွေပါပဲ။ခင်ပွန်းနဲ့သားသမီးတွေအပေါ်မှာပျော်ရွှင်မှုနဲ့သာယာမှုတွေပေးစွမ်းနိုင်
တဲ့လျှို့ဝှက်ချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
လုံလောက်သောအိပ်စက်ချိန်ရှိခြင်း
ကလေးငယ်ရှိတဲ့မိခင်တွေဟာကလေးညဘက်သေးစိုတာကိုထပြီးလဲပေးနေရတာကြောင့်အိပ်ရေးပျက်ရတတ်ပါတယ်။
ဒါကြောင့်ကလေးကိုညဘက်အိပ်ချိန်မှာသေးခံတစ်ခုခံထားပြီးသိပ်ပါ။ဒါမှကလေးဟာသေးစိုပြီးမအေးတာကြောင့်လန့်ပြီး
လည်းမနိုးနိုင်ဘဲသင်လညှ်းနှစ်ခြိုက်စွာအိပ်စက်ရတာကြောင့်စိတ်ကြည်လင်နေစေပါတယ်။
အကူအညီတောင်းဖို့ဆိုင်းငံ့မနေပါနဲ့
သင့်ခင်ပွန်းကိုဖြစ်စေ၊အိမ်သားတစ်ချို့ကိုဖြစ်စေအကူအညီတောင်းဖို့တွေဝေမနေပါနဲ့။တစ်ခုခုဝယ်ဖို့ဖြစ်စေ၊အိမ်အလုပ်
ဖြစ်စေ၊သင်အရမ်းပင်ပန်းနေပြီဆိုရင်အကူအညီတောင်းပါ။ကလေးထိန်းဖို့ဆိုရင်ကလေးငယ်ရဲ့ကျန်းမာရေးအတွက်နား
လည်နိုင်တဲ့သူမျိုးကိုရွေးချယ်ပါ။ဒါမှစိတ်ချရပြီးသင့်အတွက်လည်းအမှန်တကယ်အကူအညီဖြစ်စေပါတယ်။
ညွှန်ကြားပြောဆိုဖို့အချိန်သတ်မှတ်ပါ
အိမ်မှာပြက္ခဒိန်တစ်ခုထားရှိပြီးကလေးတွေကဘယ်နေ့မှာအားကစားလုပ်ရမယ်။ကျောင်းချိန်ကဘယ်လို၊သင့်ခင်ပွန်း
ရဲ့အားလပ်ချိန်နဲ့လုပ်ငန်းခွင်ကဘယ်အချိန်စသဖြင့်သတ်မှတ်ပြီးသင်ကမှတ်မှတ်ရရမှတ်ထားပေးပါ။ဆေးခန်းပြတဲ့အချိန်၊
အားကစားပြုလုပ်ချိန်၊ကျောင်းချိန်တွေကိုသေချာမှတ်သားပြောဆိုပါ။
ခင်ပွန်းနဲ့အချိန်ပေးပါ
အိမ်ရှင်မကောင်းတွေကသူတို့ရဲ့ခင်ပွန်းတွေကိုပြင်ပပျော်ရွှင်မှုတွေနဲ့အချိန်မကုန်စေပါဘူး။မိသားစုစုံညီအားလပ်ရက်
မှာခရီးထွက်တာမျိုးတွေပြုလုပ်တတ်သလိုနှစ်ဦးကြားကဆက်ဆံရေးကိုလည်းအချိန်ပေးလေ့ရှိကြပါတယ်။
သက်တောင့်သက်သာရှိပါစေ
သင့်ကလေးတွေရဲ့အကျင့်နဲ့စရိုက်ကိုသိနားလည်အောင်ကြိုးစားပြီးဘယ်လိုထိန်းသိမ်းသွန်သင်ရမယ်ဆိုတာကိုတိတ်တဆိတ်
စဉ်းစားဆုံးဖြတ်ပါ။ဘယ်အတိုင်းအတာအထိခွင့်လွှတ်ထားသင့်တယ်၊ကန့်သတ်ဆုံးမသင့်တယ်ဆိုတာကိုသေချာစဉ်းစား
ဆုံးဖြတ်ပြီးမှသွန်သင်ပါ။တချို့ကိစ္စတွေကိုနားလည်ခွင့်လွှတ်မှုနဲ့ဘ၀အတွေ့အကြုံ၊ခေတ်ရဲ့ပြောင်းလဲမှုကိုကြည့်ပြီး
လိုက်လျောညီထွေဖြစ်အောင်ဆုံးမမယ်ဆိုရင်ကလေးတွေချစ်တဲ့မိခင်ကောင်းလည်းဖြစ်လာနိုင်ပါတယ်။  
 
     

No comments:

Post a Comment