Wednesday, September 26, 2012

Smartကျသောအမျိုးသားတစ်ယောက်၏ဖက်ရှင်

အမျိုးသမီးတွေအတွက်အလှအပရေးရာနဲ့ဖက်ရှင်တွေအကြောင်းပဲရေးနေရတာ၊အခုတော့အမျိုးသားတွေအတွက်
ရှိသင့်တဲ့ဖက်ရှင်လေးတွေနဲ့ ဆွဲဆောင်မှုရှိစေတဲ့သွင်ပြင်လေးတွေကိုရေးသားဖော်ပြလိုက်ပါတယ်။
အမျိုးသားတစ်ယောက်ဖက်ရှင်ကျဖို့အမျိုးသမီးတစ်ယောက်လောက်တော့အလုပ်မရှုပ်ပါဘူး။အောက်မှာဖော်ပြထား
တဲ့အချက်တွေကိုလေ့လာကြည့်လိုက်ဦးနော်။

၁။တစ်ကိုယ်ရေသန့်ရှင်းမှုပါ။လူတိုင်းအတွက်အရေးပါတဲ့အရာဖြစ်ပေမယ့်အမျိုးသားအများစုကအနည်းငယ်အားနည်း
   တတ်ကြပါတယ်။သန့်ရှင်းသပ်ရပ်စွာနေတတ်ဖို့လိုပါတယ်။ 

၂။ပျာယာခတ်နေတာမျိုးကိုရှောင်ပါ။သင့်အမူအရာကပျာယာခတ်နေတာမျိုးမဖြစ်ဖို့လိုပါတယ်။တည်ငြိမ်တဲ့အမူအရာက
   ဆွဲဆောင်မှုပိုစေပါတယ်။

၃။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ပါ။ပျော်ပျော်နေတတ်တာကကောင်းပါတယ်။ပျော်နေတတ်တဲ့အမျိုးသားအများစုကို
    အမျိုးသမီးအတော်များများကသဘောကျတတ်ပါတယ်။

၎။အမြဲတမ်းပြုံးနေတာမျိုးမဟုတ်ပေမယ့်တစ်ဦးနဲ့တစ်ဦးမိတ်ဆက်ချိန်၊စကားပြောချိန်တွေမှာပြုံးရွှင်တဲ့မျက်နှာထားကြောင့်
   ခင်မင်သူပေါပြီးမျက်နှာပွင့်စေပါတယ်။ဒါပေမဲ့သူများတွေရယ်ရလောက်အောင်ဟာသဖြစ်တဲ့အထိပျော်တဲ့သူဆိုရင်တော့တချို့
မိန်းကလေးတွေကသဘောမကျတတ်ပါဘူး။

၅။နူးညံ့ကြင်နာတတ်တဲ့အမျိုးသားအများစုကိုအမျိုးသမီးတွေကစိတ်ဝင်စားတတ်ကြပါတယ်။စိတ်ဓာတ်ညင်သာပျော့
  ပျောင်းစေပြီးတည်ငြိမ်မှုရှိစေမယ့်လေ့ကျင့်ခန်းလေးတွေပြုလုပ်ရင်းစိတ်ကိုတည်ငြိမ်အောင်ထိန်းပါ။

၆။သေသပ်ပြီးသန့်ရှင်းတဲ့ဆံပင်စတိုင်မျိုးရှိဖို့လည်းအရေးကြီးတယ်နော်။

၇။အမျိုးသားတစ်ယောက်အတွက်အဖိုးတန်တဲ့အ၀တ်အစားတွေဝတ်ပြီးရှိုးထုတ်ဖို့မလိုပါဘူး။သင့်ခန္ဓာကိုယ်အချိုးအစား
   နဲ့အဆင်ပြေတဲ့အ၀တ်အစားမျိုးကိုဝတ်ဆင်ပြီးသန့်ရှင်း၊သပ်ရပ်ဖို့သာလိုပါတယ်။

၈။လုပ်ငန်းခွင်ဝင်နေရသူပဲဖြစ်စေ၊ကျောင်းနဲ့သင်တန်းတွေတက်နေရသူပဲဖြစ်စေအမျိုးသားတစ်ယောက်အတွက်
နာရီကောင်း၊ဖိနပ်နဲ့မျက်မှန်တစ်လက်နဲ့ခါးပတ်ကောင်းကောင်းတစ်ခုသာလိုပါတယ်။ 
   
 
   
 

No comments:

Post a Comment