Wednesday, September 5, 2012

ကွမ်းရွက်၏ကျန်းမာရေးအကျိုးကျေးဇူးများ

ကွမ်းရွက်မှာပါဝင်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကကယ်လ်စီယမ်၊ကာရိုတင်း။ရိုင်ဘိုဖလေဗင်၊နိုင်ယာစင်၊သိုင်ယာ
မင်းနဲ့ဗီတာမင်စီတို့ဖြစ်ပါတယ်။ကွမ်းရွက်မှာပါတဲ့ဖီနောဓာတ်ဟာအစွမ်းထက်ပိုးသတ်အာနိသင်ရှိပါတယ်။ကွမ်း
ရွက်မှာအောက်ပါဆေးဖက်ဝင်အစွမ်းသတ္တိတွေပါဝင်နေပါတယ်။
အကိုက်အခဲပျောက်စေပါတယ်
 ကွမ်းရွက်မှာအကိုက်အခဲပျောက်တဲ့အာနိသင်နဲ့အေးမြစေတဲ့အာနိသင်တို့ရှိကြပါတယ်။ဒါကြောင့်ပြင်းပြင်းထန်
ထန်ခေါင်းကိုက်နေသူတွေမှာခေါင်းကိုက်တဲ့နေရာပေါ်ကွမ်းရွက်အုပ်ပေးပါကခေါင်းကိုက်သက်သာစေပါတယ်။

မွေးကျွတ်နာကိုသက်သာစေပါတယ်
 ကွမ်းရွက်ကိုအနာစိမ်းနဲ့မွေးကျွတ်နာတွေကုသရာမှာအသုံးပြုနိုင်ပါတယ်။သန့်စင်အောင်ဆေးကြောထားတဲ့ကွမ်း
ရွက်တစ်ရွက်ကိုနူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီးကြက်ဆူဆီသုတ်ပေးပါ။ကြက်ဆူဆီသုတ်လိမ်းထားတဲ့ကွမ်းရွက်
ကိုရောင်ရမ်းနေတဲ့မွေးကျွတ်နာဒါမှမဟုတ်အနာစိမ်းပေါ်ကပ်ပေးပါ။ပြီးရင်အဲဒီကွမ်းရွက်ကိုနာရီအနည်းငယ်ကြာ
တာနဲ့ဖယ်ရှားပြီးအသစ်ကပ်ပေးရမှာဖြစ်ပါတယ်။ဒီလိုကပ်ရင်းအနာစိမ်းဒါမှမဟုတ်မွေးကျွတ်နာကပေါက်သွားပါလိမ့်မယ်။

ဆီးသွားစေတဲ့အစွမ်းရှိပါတယ်
ကွမ်းရွက်ပြုတ်ရည်ကိုသောက်ပေးရင်ဆီးသွားစေတဲ့အာနိသင်ရှိပါတယ်။

အဆုတ်ထိခိုက်မှုဝေဒနာကိုသက်သာစေပါတယ်
ကွမ်းရွက်ကိုကလေးငယ်တွေနဲ့အသက်ကြီးသူတွေမှာဖြစ်တဲ့အဆုတ်ထိခိုက်မှုဝေဒနာတွေကုသရာမှာအသုံးပြု
နိုင်ပါတယ်။မုန်ညှင်းဆီထဲစိမ်ထားတဲ့ကွမ်းရွက်ကိုပူနွေးအောင်ကင်ပြီးအေးသွားချိန်မှာရင်ဘတ်ပေါ်ကပ်ပေးရင်
ချောင်းဆိုးတာနဲ့အသက်ရှူမ၀တဲ့ဝေဒနာတို့ကိုသက်သာစေပါတယ်။

အဆစ်ရောင်နာတာကိုသက်သာစေပါတယ်
ကွမ်းရွက်ကိုအဆစ်ရောင်နာတဲ့ပေါ်မှာကပ်ပေးရင်သက်သာစေပါတယ်။

အနာကျက်စေပါတယ်
ကွမ်းရွက်ပြုတ်ရည်အနည်းငယ်ကိုထိခိုက်ဒဏ်ရာပေါ်မှာသုတ်လိမ်းပေးပြီးပတ်တီးစည်းထားပေးပါက၂ရက်ခန့်
အတွင်းအနာကျက်မြန်စေပါတယ်။

*သတိပေးချက်
ကွမ်းယာကိုမကြာခဏ၀ါးစားတာကြောင့်ခံတွင်းမှာကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။အကြောင်းကတော့ကွမ်းယာ
ထဲမှာထည့်သုံးတဲ့ဆေးနဲ့တခြားပါဝင်ပစ္စည်းတွေကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ကွမ်းစားတတ်သူတွေအနေနဲ့
ကွမ်းယာကိုတတ်နိုင်သမျှလျှော့စားသင့်ပါတယ်။     


    

2 comments:

  1. အခုလို ဗဟုသုတ များအတွက် ကျေးဇူးပါ အိမ်ရှင်မရေ
    ပျော်ရွှင်စရာနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပြီး
    စာတွေကိုလည်း သည်ထက်မကရေးသားနိုင်ပါစေနော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
    Replies
    1. ကျေးဇူးပါအိမ်မက်ကောင်းကင်ရေ...။ဗဟုသုတရမဲ့စာတွေကိုလည်း
      ရှာဖွေရေးသားပေးပါဦးမယ်။လာလည်တဲ့အတွက်လဲကျေးဇူးပါ။

      Delete