Thursday, August 30, 2012

ဆောင်းရာသီတွင်လိမ်းသင့်သောနေကာခရင်မ်အကြောင်း


သင်မသိသောအချက်(၇)ချက်
      လူအများစုဟာပူပြင်းတဲ့နွေရာသီမှာပဲနေကာခရင်မ်လိမ်းသင့်တယ်လို့ထင်နေကြပါတယ်။တကယ်တော့ဆောင်းရာသီမှာ
လည်းနေကာခရင်မ်ကိုလိမ်းသင့်ပါတယ်။လူအများစုဟာနေကာခရင်မ်နဲ့ပတ်သတ်ပြီးဘယ်လိုလိမ်းရမယ်ဆိုတာကောင်းကောင်းမသိကြသေးပါဘူးလို့
အရေပြားအထူးကုဆရာဝန်တွေကဆိုပါတယ်။နေကာခရင်မ်နဲ့ပတ်သတ်တဲ့အချက်တွေကတော့
*နေကာခရင်မ်တွေဟာစတင်အာနိသင်ပြဖို့အချိန်ယူရပါတယ်။အပြင်သွားခါနီးမှနေကာခရင်မ်ကိုလိမ်းမယ့်အစား
အိမ်ကမထွက်ခင်မိနစ်၂၀-၃၀အလိုမှာလိမ်းထားရပါမယ်။
*နေရောင်ကိုကာကွယ်နိုင်စွမ်းမြင့်မားတယ်ဆိုတိုင်းစိတ်မချရပါဘူး။နေကာနိုင်စွမ်းSPF၅၀ဆနဲ့အထက်မြင့်တဲ့အလှကုန်
ပစ္စည်းကတောင်ခရမ်းလွန်ရောင်ခြည်ကိုအပြည့်အ၀ကာကွယ်မှုမပေးနိုင်ပါဘူး။ဒါကြောင့်နေကာခရင်မ်ကို၁နာရီ-၂နာရီကြာတိုင်းထပ်မံလိမ်းပေးဖို့လိုပါတယ်။
*သင့်ကိုသင်ကာကွယ်ဖို့နောက်ကျတယ်ဆိုတာဘယ်တော့မှမရှိပါဘူး။အရင်ကနေလောင်ဒဏ်ရာတွေမကြာခဏရခဲ့ရင်တောင်
အခုအချိန်မှာနေဒဏ်ကိုကာကွယ်တာကအရေပြားကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။နေ့စဉ်နေကာခရင်မ်လိမ်းတာက
ကင်ဆာအကြိုနေလောင်တဲ့အစက်အပြောက်တွေရဲ့ကြီးထွားမှုကိုနှေးစေသလိုအစက်အပြောက်အသစ်တွေထပ်မထွက်လာအောင်လည်း
တားဆီးပေးပါတယ်။
*အသားညိုအောင်နေပူဆာလှုံတာကအရေပြားကိုကာကွယ်မှုမပေးနိုင်ပါဘူး။ဒါကြောင့်နေပူထဲမထွက်ခင်မှာအရေပြားကိုနေရောင်ကာခရင်မ်များများလိမ်းထားသင့်ပါတယ်။
*သင့်အနေနဲ့အသားညိုအောင်နေပူဆာလှုံတဲ့အခါနေရောင်ကာခရင်မ်ကိုမလိမ်းဘဲနေရင်အသားအရေကနေလောင်သွားနိုင်ပါတယ်။
*သင့်မျက်ဝန်းအနားမှာနေကာခရင်မ်ကိုလိမ်းပေးနိုင်ပါတယ်။အရေပြားကင်ဆာရဲ့၅-၁၀ရာခိုင်နှုန်းဟာမျက်ခွံတွေအပေါ်မှာဖြစ်တတ်ပါတယ်။မျက်ခွံတွေပေါ်ကိုပုံမှန်နေကာခရင်မ်လိမ်းပေးတာ၊ထိခိုက်လွယ်တဲ့အရေပြားအတွက်
အထူးဖော်စပ်ထားတဲ့မျက်ဝန်းလိမ်းခရင်မ်လိမ်းတာတွေကိုလုပ်ပေးပါ။အပြင်ထွက်တိုင်းအနားကျယ်တဲ့ဦးထုပ်ဆောင်းပေးပါ။
*နေကာခရင်မ်ဟာချွေးထွက်နှုန်းကိုမမြင့်တက်စေပါဘူး။လေ့လာမှုတွေအရနေကာခရင်မ်ဟာအရေပြားထဲကိုခရမ်းလွန်ရောင်ခြည်ဝင်ရောက်မှု
မဖြစ်အောင်ပိတ်ဆို့တဲ့နည်းနဲ့ယာယီအေးမြစေတယ်လို့သိရပါတယ်။

No comments:

Post a Comment