Sunday, September 23, 2012

ရာသီမရွေးသောဆွယ်တာအကျီင်္ဖက်ရှင်များ

ဆွယ်တာအကျီင်္တွေကိုအရင်ကဆိုရင်အရမ်းကိုအေးတဲ့အချိန်မျိုးမှာသာဝတ်ဆင်လေ့ရှိတတ်ကြပါတယ်။ခုနောက်
ပိုင်းမှာတော့ရာသီဥတုမရွေးဝတ်ဆင်နိုင်အောင်ပုံစံလေးတွေထွင်ပြီးခပ်ပါးပါးလေးတွေပြင်ဆင်ချုပ်လုပ်လာကြပါပြီ။
ခပ်ပါးပါးဆွယ်တာအကျီင်္လေးတွေကိုစတိုင်ကျကျဝတ်ဆင်နိုင်စေဖို့ခေတ်စားလာတဲ့ဒီဇိုင်းလေးတွေကိုဖော်ပြပေးလိုက်
ပါတယ်။
ဘာကြောင့်အမြဲဝတ်ဆင်နိုင်တာလဲ

 ခပ်ပါးပါးဒီဇိုင်းထွင်ပြုလုပ်ထာတဲ့ဆွယ်တာအကျီင်္လေးတွေကအတွင်းလက်တစ်လုံးအကျီင်္လေးတွေကိုအပေါ်ကထပ်
ပြီးဝတ်ဆင်နိုင်တဲ့အပြင်လက်ရှည်ဖြစ်တဲ့အတွက်ရာသီဥတုအေးတဲ့အချိန်နဲ့လည်းသင့်တော်သလိုပူတဲ့အချိန်မှာလည်း
လက်ကိုအပေါ်ဆွဲတင်ထားပြီးအထာကျနေစေတာကြောင့်ပါ။အကျီင်္ခပ်ပါးပါးဝတ်ဆင်တဲ့ပျိုမေတွေအတွက်လည်းပေါ့ပါး
လုံခြုံကာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေစေပါတယ်။

ပွဲလယ်တင့်ချင်ရင်
 ဆွယ်တာအကျီင်္တွေကခပ်ရိုးရိုးတွေဆိုပြီးပွဲမတိုးဘူးလို့မထင်လိုက်ပါနဲ့။ဆွယ်တာအကျီင်္ တွေကိုဇာတွေနဲ့တွဲဖက်ပြီး
ဒီဇိုင်းဆင်တာမျိုး၊ဖန်စီကျောက်တွေနဲ့တွဲဖက်ဒီဇိုင်းထွင်တာမျိုး၊ရွှေဆွဲကြိုးလေးတွေထည့်ကွက်ထားတာမျိုးတွေကြောင့်
အခုနောက်ပိုင်းမှာပွဲတက်အကျီင်္အဖြစ်အသုံးပြုနိုင်ကြပါပြီ။စကတ်တိုလေးတွေနဲ့တွဲဖက်ဝတ်ဆင်နိုင်ပြီးအရောင်မျိုးစုံ
ကသင့်ကိုလူငယ်ဆန်စေပါတယ်။

နှစ်မျိုးသုံးဖက်ရှင်


အရင်ကကုတ်အကျီင်္လေးတွေကိုအပေါ်ကထပ်ဝတ်သလိုမျိုးရုံးဝန်ထမ်းအတော်များများဝတ်ဆင်လေ့ရှိကြတဲ့ဒီဇိုင်း
မျိုးကိုအခုနောက်ပိုင်းဆွယ်တာအကျီင်္တွေမှာထွင်လာကြပါပြီ။အရှေ့တောင်အာရှရဲ့ရာသီဥတုနဲ့က၂ထပ်ဝတ်ဆင်
ဖို့အတော်ကိုအခက်တွေ့စေပါတယ်။ဒါကြောင့်အတွင်းကဒီဇိုင်းတစ်မျိုးဝတ်ဆင်ထားသလိုထွင်ချုပ်ထားတဲ့ဒီဇိုင်းလေး
တွေကြောင့်သင့်ကိုအ၀တ်တစ်ထည်တည်းနဲ့ပြည့်စုံစေနိုင်တဲ့ပြင်ဆင်မှုမျိုးကိုရစေနိုင်ပါတယ်။ 

ပိန်ပိန်၊၀၀စတိုင်ကျ


 ဆွယ်တာအကျီင်္လေးတွေကဆွဲကျယ်ပုံစံဖြစ်တာကြောင့်သင့်ခန္ဓာကိုယ်ကပိန်သည်ဖြစ်စေ၊၀သည်ဖြစ်စေစိုးရိမ်နေ
စရာမလိုတော့ပါဘူး။အပွင့်ကြီးကြီးတွေကိုဝတဲ့သူတွေရွေးချယ်သင့်ပြီးအစင်းလေးတွေနဲ့အစက်အပြောက်ဒီဇိုင်းတွေ
ကို တော့ပိန်သွယ်တဲ့သူတွေရွေးချယ်နိုင်ပါတယ်။
 

2 comments:

  1. ဆွယ်တာတော့ အရမ်းကြိုက်တယ်.. ရန်ကုန်ဆောင်း အရမ်းမအေးရင်တောင် အေးချင်ယောင်ဆောင်ပြီး ဆွယ်တာလှလှလေးတွေ ၀တ်တတ်သူပါ..

    ReplyDelete
  2. ၀ါသနာတူတယ်။အိမ်ရှင်မလည်းဒီလိုပဲ။ဆွယ်တာကြိုက်တော့အပါး
    ကိုပိုဝတ်ဖြစ်တယ်။နောက်အပေါ်ကအပါးကိုကုတ်လိုထပ်ဝတ်တာကိုကြိုက်တယ်။

    ReplyDelete