Tuesday, August 21, 2012

Choco marble cakeပြုလုပ်နည်း

ဂျုံမှုန့်နု(၅ကျပ်သား)၊ကြက်ဥ(၃လုံး)၊ကိုကိုးမှုန့်(၁ဇွန်း)၊သကြား(၅ဇွန်း)၊ထောပတ်(၅ကျပ်သား)၊နှမ်းဆီ(၂ကျပ်ခွဲသား)၊ဘေကင်ပေါင်ဒါ(၁ဇွန်း)၊နှပ်ပြီးကော်ရည်(၂ဇွန်း)၊နွားနို့(အကြမ်းပန်ကန်တစ်လုံး)။

    1.    ထောပတ်အရည်ပျစ်လာစေရန်မီးနဲ့နွှေးပြီးဂျုံမှုန့်၊ဘေကင်ပေါင်ဒါ၊ဆီ၊သကြား၊ဆားတို့နဲ့မွှေပါ။
    2. ပူလာရင်ကြေအောင်ခေါက်ထားသောကြက်ဥနဲ့ရောမွှေပါ။ပြီးလျှင်နွားနို့ပူပူရောထည့်ပြီးပျစ်ချွဲလာအောင်မွှေပါ။
    3. မွှေပြီးလျှင်အရည်ကိုတစ်ဝက်စီခွဲထားပါ။ခွဲထားသောတစ်ဝက်တွင်ကော်ဖီရည်၊ကိုကိုးရည်များထည့်မွှေပါ။
    4. ဖုတ်ရန်ခွက်တွင်ခွဲထားသောခွက်တစ်ခွက်စီမှအရည်ကိုဇွန်းဖြင့်တစ်လှည့်စီခပ်ထည့်ပါ။
    5. ပြီးလျှင်တစ်နာရီကြာအောင်ဖုတ်ပါ။

No comments:

Post a Comment