Wednesday, August 15, 2012

ရိုးမသွားတဲ့ဖက်ရှင်

အဖြူနဲ့အမည်းရောင်ဖက်ရှင်
အဖြူနဲ့အမည်းရောင်ကတော့ဘယ်အချိန်ပဲဖြစ်ပါစေတွဲဖက်လို့အလိုက်ဖက်ဆုံးဖက်ရှင်ပါပဲ။တချို့ကုမ္ပဏီတွေမှာအဖြူနဲ့အမည်းကိုယူနီဖောင်းအဖြစ်ဝတ်ဆင်တတ်ကြပါတယ်။ဒီဇိုင်နာတွေအနေနဲ့ပုံဖော်လို့အကောင်းဆုံးနဲ့ဘယ်မော်ဒယ်လ်နဲ့မဆိုလိုက်ဖက်မှုရှိတတ်တာကြောင့်ပွဲတတ်ဖက်ရှင်အဖြစ်လည်းအသုံးဝင်ပါတယ်။
လိုင်းဆင်းပုံစံအဆင်ဒီဇိုင်းများ
ဘေးတစောင်းအစင်း၊ဒေါင်လိုက်အစင်းနဲ့အလျားလိုက်အစင်းတွေကသင့်ခန္ဓာကိုယ်သွင်ပြင်ကိုလှည့်စားနိုင်တဲ့အဆင်မျိုးတွေပဲဖြစ်ပါတယ်။အရပ်ရှည်တယ်လို့ထင်ချင်ရင်ဒေါင်လိုက်အစင်းကိုဝတ်ဆင်ပြီး၊အရပ်ရှည်တာကိုသွယ်သွားစေချင်ရင်ကန့်လန့်အစင်းတွေကိုဝတ်ဆင်ပေးနိုင်ပါတယ်။
အရောင်ပေါင်းစပ်ထားသောအဆင်ဒီဇိုင်းများ
ခပ်ရှုပ်ရှုပ်အဆင်ဒီဇိုင်းတွေကလည်းဘယ်တော့မှရိုးမသွားတဲ့အဆင်တွေထဲမှာပါဝင်ပါတယ်။အရောင်ပေါင်းစုံကိုစပ်ထားတာကြောင့်ရှုပ်နေတယ်လို့ထင်ရပေမယ့်အ၀တ်အစားကိုဟောင်းမသွားစေတဲ့အဆင်မျိုးပဲဖြစ်ပါတယ်။အရောင်မျိုးစုံပေါင်းစပ်ထားတာကြောင့်တခြားဘယ်အရောင်နဲ့မဆိုတွဲဘက်ဝတ်ဆင်နိုင်မှာပါ။

အစက်အပြောက်အဆင်ဒီဇိုင်းများ
အစက်အပြောက်လေးတွေနဲ့အလုံးလေး(sport)တွေပါဝင်တဲ့အဆင်နဲ့ဒီဇိုင်းတွေကလည်းသင့်ပတ်ဝန်းကျင်မှာအမြဲမြင်နေကျအဆင်လေးတွေပါပဲ။အရောင်ရင့်ရင့်ပေါ်မှာခပ်ဖျော့ဖျော့အ၀ိုင်းစက်လေးတွေ၊ပန်းရောင်နဲ့မိုးပြာရောင်ပေါ်ကအဖြူရောင်အစက်လေးတွေကသင့်ကိုလူငယ်ဆန်စေပြီးနုပျိုမှုအသွင်ကိုဆောင်စေတဲ့ဖက်ရှင်မျိုးကိုဖြစ်စေပါတယ်။
အရောင်ရင့်ရင့်အဆင်တွေ
အရောင်ရင့်တွေကလည်းတွဲဖက်လို့ကောင်းတဲ့ဖက်ရှင်တွေဖြစ်သလိုရိုးမသွားတဲ့တွဲဖက်မှုတွေပဲဖြစ်ပါတယ်။အရောင်ရင့်နှစ်ခုပေါင်းစပ်မှုဟာသင့်ကိုရင့်သွားစေတယ်လို့မထင်ပါနဲ့။ဆန့်ကျင်ဘက်အရောင်နှစ်ခုပေါင်းစပ်မှုဟာသင့်ကိုပိုပြီးစတိုင်ကျနေစေပါတယ်။
ကျားသစ်ကွက်အဆင်ဒီဇိုင်းများ
့ကျားသစ်ကွက်ပုံစံအဆင်တွေကိုအရောင်ရင့်၊အရောင်နုစသဖြင့်သင့်ပတ်ဝန်းကျင်မှာတွေ့နေကျပဲဖြစ်မှာပါ။ကျားသစ်ကွက်ရဲ့ဒီဇိုင်းဟာအနက်ရောင်နဲ့အ၀ါရောင်ကိုအခြေခံတဲ့အတွက်ညပွဲတွေမှာလည်းအရမ်းကိုဆွဲဆောင်မှုရှိတဲ့အသွင်ကိုဆောင်တာကြောင့်ရိုးမသွားတဲ့ဖက်ရှင်ဖြစ်နေတာပါ။
 

No comments:

Post a Comment