Tuesday, October 16, 2012

သွားကုသမှုခံယူပြီးလေယာဉ်ပျံစီးမည့်သူများအားအကြံပေးချက်

ယခုခေတ်တွင်လေယာဉ်ပျံစီးခြင်းသည်ဘတ်စကားစီးသကဲ့သို့ဖြစ်လာပါပြီ။တစ်မြို့နှင့်တစ်မြို့၊တစ်နိုင်ငံနှင့်တစ်နိုင်ငံ
လေယာဉ်ပျံစီးပြီးပုံမှန်သွားနေရသူများရှိပါသည်။ထို့အတူသွားရောဂါဟူသည်လည်းတစ်ခါတစ်ရံကုသရသည်ရှိနိုင်ပါ
သည်။အကြောင်းအမျိုးမျိုးကြောင့်သွားရောဂါကုသပြီးလေယာဉ်ပျံစီးမည်ဆိုလျှင်အကြံပေးချင်သောအချက်များရှိပါသည်။
ထိုအချက်များမှာ-
၁။ထုံဆေးထိုးထားခဲ့လျှင်
     ထုံဆေးထိုးပြီး၈နာရီအတွင်းလေယာဉ်ပျံမစီးသင့်ပါ။
၂။သွားမြစ်တွင်းကုသနေရလျှင်
     သွားမြစ်တွင်းကုသပြီးစီးသွားပြီဆိုလျှင်၂၄နာရီအတွင်းလေယာဉ်ပျံမစီးသင့်ပါ။
၃။သွားနှင့်ပတ်သက်သောဆေးများမှီဝဲနေရလျှင်
     ဆေးရပ်ပြီး၂၄နာရီအတွင်းလေယာဉ်ပျံမစီးသင့်ပါ။
၎။ရေစီးကမ်းပြိုကုသထားလျှင်
     ရေစီးကမ်းပြိုရောဂါတွင်ခွဲစိတ်ပြီးဆေးအုပ်ထားလျှင်၂၄နာရီအတွင်းလေယာဉ်ပျံမစီးသင့်ပါ။
၅။မေ့ဆေးပေးထားသူများ
     မေ့ဆေးပေးပြီး၇၂နာရီအတွင်းလေယာဉ်ပျံမစီးသင့်ပါ။
၆။အကြောထဲသို့စိတ်ငြိမ်ဆေးသွင်းထားသူများ
     ဆေးသွင်းထားပြီး၇၂နာရီအတွင်းလေယာဉ်ပျံမစီးသင့်ပါ။
၇။သွားမြစ်တုအရိုးတွင်စိုက်ခြင်း
    နည်းစဉ်အရပထမအဆင့်အတွက်၁၀ရက်ကြာ၊ဒုတိယအဆင့်အတွက်၁၀ရက်ကြာမှလေယာဉ်ပျံစီးရမည်
သွားရောဂါကုသထားသူများသည်လေယာဉ်ပျံစီးလျှင်လေထုဖိအားပြောင်းလဲမှုမတူညီမှုကြောင့်ဖိအားဒဏ်ခံစား
ရနိုင်ပါသည်။

   
   

No comments:

Post a Comment