Wednesday, October 3, 2012

နွားနို့အကြောင်းသိထားတာလေး

ဟိုတလောကကျန်းမာရေးစာစောင်တစ်ခုကနေနွားနို့အကြောင်းဖတ်လိုက်ရတာပြန်ပြီးဝေမျှပေးချင်လို့ပါ။နွားနို့ကြိုက်
တတ်တဲ့သူတွေသတိထားပြီးသောက်လို့ရအောင်ပေါ့။တချို့ကနွားနို့သောက်ရင်ဝမ်းလျှောတတ်တယ်လို့ပြောကြတယ်။
နွားနို့သောက်လို့ဝမ်းလျှောတယ်ဆိုတာကပထမအနေနဲ့နွားနို့ထဲမှာLactoseဆိုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။အဲဒီဓာတ်
နဲ့မတည့်တဲ့သူတွေက၀မ်းလျှောတတ်ပါတယ်။တချို့နိုင်ငံတွေမှာတော့LactoseFreeဆိုပြီးလက်တို့စ်မပါတဲ့နွားနို့ထုတ်
ထားတာရှိပါတယ်။မြန်မာနိုင်ငံမှာတော့မရှိသေးပါဘူး။လက်တို့စ်ဓာတ်ကိုသန့်စင်ပြီးထုတ်မပေးနိုင်သေးပါဘူး။
နောက်တစ်ချက်စဉ်းစားရမှာကနွားနို့ကစစ်မစစ်ဆိုတာပါပဲ။နွားနို့ကမစစ်ရင်လည်းဖြစ်နိုင်ပါတယ်။အခုနောက်ပိုင်း
နွားနို့ကိုရေရောပါတယ်။ပြီးရင်နွားနို့ပျစ်အောင်လို့ဆိုပြီးMagnesiumSulfateဆိုတဲ့ဓာတ်တွေထည့်ကြပါတယ်။နောက်
အရောင်ဝါအောင်ဆိုပြီးကပ်စေးနှဲတွေထည့်ကြပါတယ်။မလိုင်တက်အောင်ဆိုပြီးစက္ကူတွေထည့်ကြပါတယ်။နွားနို့ကိုရေ
ရောထားလားဆိုတာဟိုက်ဒရိုမီတာနဲ့တိုင်းလို့ရပါတယ်။
နွားနို့ကတကယ်စစ်လို့ဝမ်းလျှောတယ်ဆိုရင်တော့လက်တို့စ်ဓာတ်နဲ့မတည့်တာကြောင့်ပဲဖြစ်နိုင်ပါတယ်။အဲဒီဓာတ်
မပါတဲ့နွားနို့ကတော့နိုင်ငံခြားမှာရှိပါတယ်။မြန်မာနိုင်ငံမှာတော့မရှိသေးပါဘူး။အဲဒါမှမဟုတ်ရင်တာ့နွားနို့တွေကမစစ်
တာလည်းဖြစ်နိုင်ပါတယ်။

No comments:

Post a Comment