Sunday, March 17, 2013

အိမ်သုံးပစ္စည်းလေးတွေအလှဆင်မယ်...........





 အပေါ်ပုံကCDပြားတွေကိုပြန်ပြီးအသုံးပြုတာပါ။











ဒါကတော့အိမ်မှာအသုံးမလိုတဲ့စည်သွတ်ဘူးတွေ၊နို့ဆီဘူးတွေကိုစက္ကူအလှလေးကပ်ပြီးအလှဆင်လိုက်တော့
ကိုယ်လိုအပ်တာလေးတွေထည့်ပြီးပြန်အသုံးပြုလို့ရတာပေါ့။
ဒါကတော့ဘူးရဲ့အောက်ခြေကိုကြိုက်နှစ်သက်ရာဆေးအရောင်အသုံးပြုပြီးပန်းချီကားချပ်လေးဖန်တီးလို့ရတာပေါ့။
အိမ်မှာဒီဇိုင်းရိုးသွားတဲ့ပန်ကာလေးကိုအရောင်စုံလေးခြယ်လိုက်တော့အမြင်တစ်မျိုးဆန်းသွားတာပေါ့။
 ကဲသူငယ်ချင်းတို့လဲကိုယ့်ရဲ့အိမ်မှာအသုံးမလိုတဲ့ပစ္စည်းတွေရှိနေရင်ဘယ်နေရာတွေမှာRecycleအနေနဲ့ပြန်ပြီးအသုံး
တည့်တယ်၊ဘယ်နေရာ၊ဘယ်ပစ္စည်းတွေကိုအလှဆင်လို့ရသလဲဆိုတာတွေးရင်းဖော်ပြပေးလိုက်ပါတယ်။

Wednesday, March 13, 2013

Cute Flower Bows!

ဒီတစ်ခါတော့ကလစ်ကလေးလုပ်ကြည့်ရအောင်နော်။ပို့စ်အသစ်တွေမတင်တာကြာတော့အတိုးချပြီးရေးနေရတာ။
စိတ်မဆိုးကြပါနဲ့နော်။ဘာဖြစ်လို့လဲဆိုတော့အိမ်ရှင်မဗိုက်ထဲမှာနောက်ထပ်ကိုယ်ပွားလေးထပ်ရောက်နေလို့ပါ။ကြုံ
တုန်းကြွားလိုက်ဦးမယ်။ဒီတစ်ခါတော့သားလေးတစ်ယောက်ထပ်ရပါတယ်။မိသားစုဘ၀လေးပြီးပြည့်စုံသွားသလိုခံစား
ရတယ်။ပျော်လိုက်တာလဲအရမ်းဘဲ။Mayလနောက်ဆုံးပတ်လောက် Date ပေးထားတယ်။နီးနေပြီ...။
ကဲခုနက ကလစ်ကိစ္စပြန်ဆက်ဦးမယ်။လိုအပ်တဲ့ပစ္စည်းတွေကတော့....
၁။၉လက်မအရှည်ဖဲကြိုးအပြားကြီး
၂။၇လက်မခွဲအရှည်ဖဲကြိုးအပြားသေး
၃။ကော်
၎။ကြယ်သီး
၅။ကလစ်
၆။ဖယောင်းစက္ကူ
ပြုလုပ်နည်း
၁။အရင်ဆုံးဖဲကြိုးလေးတွေကိုလိုသလိုဖြတ်လိုက်ပါ။
၂။ဖဲကြိုးလေးတွေကိုစက်ဝိုင်းပုံစံလုပ်ပြီးကော်နဲ့ကပ်လိုက်ပါ။
၃။ပြီးရင်ဖဲကြိုးလေးတွေကိုပန်းပွင့်ပုံစံပြုလုပ်ပြီးအလွှာလိုက်ထပ်ပြီးကော်နဲ့ကပ်လိုက်ပါ။
၎။ဖဲကြိုးအသေးကိုလဲထိုနည်းအတိုင်းပြုလုပ်ပါ။
၅။နောက်ဖဲကြိုးအကြီးပေါ်ဖဲကြိုးအသေးတင်လိုက်ပြီးပန်းပွင့်ပုံပေါ်အောင်ပြုလုပ်ပြီးကော်နဲ့ကပ်လိုက်ပါ။

၆။ပြီးရင်အလယ်မှာကြယ်သီးလေးတပ်ပြီးအလှဆင်လိုက်ပါ။
၇။ပန်းပွင့်ရဲ့အလယ်လောက်မှာဖယောင်းစက္ကူကိုကော်နဲ့ကပ်၊ပြီးတော့ကလစ်ကိုတပ်လိုက်ပါ။


အခုဆိုရင်ချစ်စရာကောင်းတဲ့ကလစ်လေးတွေပြီးသွားပါပြီ။ကိုယ်ကိုယ်တိုင်ပဲတပ်တပ်၊လက်ဆောင်ပေးချင်ရင်ပဲ
ဖြစ်ဖြစ်အသုံးဝင်ပါတယ်။



ဝိုင်ခွက်လေးတွေအလှဆင်မယ်




ပုံမှာပြထားတဲ့အတိုင်းပဲကိုယ်ဒီဇိုင်းဖော်မယ့်နေရာကိုချန်ထားပြီးကျန်တဲ့နေရာကိုပလပ်စတစ်အိတ်စွပ်ပြီးတိပ်လေး
ပတ်ထားလိုက်ပါ။ပြီးရင်တော့လွတ်နေတဲ့နေရာကိုကြိုက်နှစ်သက်တဲ့ဆေးရောင်လေးခြယ်လိုက်ရင်တော့အမြင်ဆန်း
တဲ့ချစ်စရာဝိုင်ခွက်လေးတွေရပြီပေါ့။





နောက်ထပ်ချစ်စရာကောင်းတဲ့ဝိုင်ခွက်လေးတွေလဲခံစားကြည့်လိုက်ဦးနော်။ကိုယ်တိုင်လဲစိတ်ကြိုက်အလှဆင်လို့
 ရတာပေါ့။





Tuesday, March 12, 2013

မျက်မှန်လေးကိုအလှဆင်မယ်


ကိုယ့်မှာရှိတဲ့မျက်မှန်လေးကဒီဇိုင်းမလှလို့၊ရိုးသွားလို့မသုံးချင်တော့ရင်အမြင်လေးဆန်းသွားအောင်အပြောင်းအလဲ
လေးလုပ်ကြည့်ရအောင်နော်။
လိုအပ်တာတွေကတော့......ပုတီးစေ့လေးတွေ(သို့)ကြယ်သီး၊ကော်။အဲဒါတွေကိုကိုယ်ကြိုက်နှစ်သက်သလိုကပ်လိုက်မယ်
ဆိုရင်ဒီဇိုင်းအသစ်နဲ့လန်းသွားမယ်နော်။

ဒါတွေသင်သိရဲ့လား?



မုန်လာဥနီကိုအ၀ိုင်းလိုက်ဖြတ်ထားတာဟာလူရဲ့မျက်လုံးနဲ့တူပါတယ်။သူဟာမျက်လုံးအတွင်းသွေးလှည့်ပတ်မှုကောင်း
စေပါတယ်။
ခရမ်းချဉ်သီးမှာအခန်းလေးခန်းပါဝင်ပြီးသူ့ရဲ့အနီရောင်ဟာနှလုံးနဲ့တူပါတယ်။ခရမ်းချဉ်သီးမှာများစွာပါဝင်တဲ့လိုင်ကိုပင်း
တွေဟာနှလုံးနဲ့သွေးကြောတွေအတွက်အာဟာရဖြစ်စေပါတယ်။
သစ်ကြားသီးဟာဦးနှောက်နဲ့ဆင်တူပြီးဦးနှောက်လုပ်ငန်းဆောင်တာကောင်းမွန်စေဖို့အာရုံခံပစ္စည်း၃ဒါဇင်ကျော်ပိုမိုများ
ပြားလာအောင်ကူညီနိုင်ပါတယ်။

ပဲလွန်းဟာကျောက်ကပ်နဲ့ပုံသဏ္ဍာန်တူပြီးသူတို့ဟာကျောက်ကပ်လုပ်ငန်းဆောင်တာအတွက်အကူအညီပေးပါတယ်။

Sunday, March 10, 2013

Angry Birds Can Toss Game

ကိုယ့်ရဲ့အိမ်မှာအသုံးမပြုတော့တဲ့သံဘူးလေးတွေရှိရင်လွှင့်မပစ်လိုက်နဲ့ဦးနော်။သားသားမီးမီးလေးတွေအတွက်ကစား
စရာGameလေးပြုလုပ်ဖန်တီးပေးလို့ရပါတယ်။အဲဒါကတော့အခုခေတ်စားနေတဲ့Angry Bird Game လေးပါပဲ။ဘယ်လိုလုပ်မလဲဆိုတာကြည့်လိုက်ရအောင်နော်။

၁။အရင်ဆုံးသံဘူးလေးတွေကိုအစိမ်းရောင်ဆေးလေးမှုတ်လိုက်ပါ။
၂။နောက်ပြီးAngry Birdထဲမှာပါတဲ့ဝက်ပုံစံမျက်နှာပုံလေးဆွဲပြီးသံဘူးပေါ်မှာအရာပေးလိုက်ပါ။ပြီးရင်အဲဒီ


  






  
၃။Angry Birdပုံလုပ်ပါမယ်။ဘောလုံးလေးကိုအနီရောင်ဆေးမှုတ်လိုက်ပြီးသူ့ရဲ့မျက်နှာပုံစံကိုအရာလေးပေး
   လိုက်ပါ။ပြီးရင်ဆေးခြယ်လိုက်ပြီးဆေးတွေခြောက်သွားရင်တော့ကလေးတွေကစားဖို့Angry Bird Game





အိမ်မွေးတိရိစ္ဆာန်ကြောင့်ဓာတ်မတည့်မှုမဖြစ်စေရန်

အိမ်မွေးတိရစ္ဆာန်တွေနဲ့မထိတွေ့မိအောင်ရှောင်တာကဓာတ်မတည့်မှုကိုရှောင်လွဲနိုင်တဲ့အကောင်းဆုံးနည်းပါ။ဒါပေမယ့်
အိမ်မွေးတိရစ္ဆာန်လေးတွေကိုချစ်ခင်ယုယပြီးမွေးမြူထားတတ်တဲ့မိသားစုတွေမှာတော့အိမ်မွေးတိရစ္ဆာန်ကြောင့်ဓာတ်မတည့်
မှုမဖြစ်အောင်တိန်းချုပ်နိုင်မဲ့နည်းကိုရှာဖွေရပါတော့တယ်။

အိမ်သန့်ရှင်းရေးလုပ်ပါ
အိမ်မွေးတိရစ္ဆာန်တွေကြောင့်ဓာတ်မတည့်မှုမဖြစ်တတ်တဲ့သူကအိမ်သန့်ရှင်းရေးကိုလုပ်သင့်ပါတယ်။အိမ်မွေးတိရစ္ဆာန်လေး
တွေသွားလာတတ်တဲ့နေရာအနှံ့သန့်ရှင်းပေးပါ။

ပရိဘောဂများနဲ့ကော်ဇောကိုသန့်စင်ပါ
အိမ်မွေးတိရစ္ဆာန်လေးတွေကအိမ်တွင်းပရိဘောဂတွေပေါ်၊ကော်ဇောပေါ်မှာပြေးလွှားဆော့ကစားလေ့ရှိပါတယ်။သူတို့ရဲ့အမွှေး
အမျှင်လေးတွေကြောင့်ဓာတ်မတည့်မှုဖြစ်တတ်တဲ့အတွက်မကြာခဏသန့်ရှင်းရေးလုပ်ပေးရပါမယ်။

အိပ်ရာခင်းကိုအသစ်လဲပါ
အိမ်မွေးတိရစ္ဆာန်လေးတွေတက်ဆော့သွားတဲ့အိပ်ရာခင်းတွေ၊စောင်တွေနဲ့ခေါင်းအုံးစွပ်တွေကိုလျှော်ဖွပ်ပြီးအသစ်လဲ
ပေးပါ။

အိမ်မွေးတိရစ္ဆာန်ကိုမကြာခဏရေချိုးပေးပါ
အိမ်မွေးတိရစ္ဆာန်ကြောင့်ဓာတ်မတည့်မှုမဖြစ်ရအောင်အိမ်မွေးတိရစ္ဆာန်ကိုတစ်ပတ်တစ်ကြိမ်ရေချိုးပေးသင့်ပါတယ်။

အညစ်အကြေးများကိုအမြန်လှည်းကျင်းသန့်ရှင်းပါ
အိမ်မွေးတိရစ္ဆာန်လေးတွေစွန့်ပစ်ထားတဲ့မစင်နဲ့အညစ်အကြေးတွေကိုလက်အိတ်စွပ်ပြီးအမြန်ဆုံးရှင်းလင်းပေးပါ။
မစင်နဲ့တခြားအညစ်အကြေးတွေကိုရှင်းလင်းပြီးချိန်မှာအဲဒီနေရာကိုဆက်ပြာရေနဲ့ပွတ်တိုက်ပြီးသန့်စင်အောင်ဖယ်ရှား
ပေးရပါမယ်။

Wednesday, January 16, 2013

လက်သည်းပိုရှည်တယ်လို့ထင်ရအောင်

လက်သည်းနီအရောင်ဖျော့ကိုလက်ချောင်းအနှံ့ဆိုးပြီးချိန်မှာလက်သည်းထိပ်ပိုင်းလေးတွေကိုပုံဖော်ပေးပါ။လက်သည်းနီ
အကြည်ဆိုးပြီးလက်သည်းထိပ်ပိုင်းကိုအဖြူရောင်တစ်ကြောင်းဆွဲတာမျိုး၊လက်သည်းအရောင်ဖျော့ပေါ်မှာအနီရောင်တစ်
ကြောင်းဆွဲတာမျိုး၊ကျောက်ကပ်တာမျိုးတွေကလက်သည်းကိုပိုရှည်သွယ်စေတယ်လို့ထင်ရစေပါတယ်။