Sunday, March 10, 2013

အိမ်မွေးတိရိစ္ဆာန်ကြောင့်ဓာတ်မတည့်မှုမဖြစ်စေရန်

အိမ်မွေးတိရစ္ဆာန်တွေနဲ့မထိတွေ့မိအောင်ရှောင်တာကဓာတ်မတည့်မှုကိုရှောင်လွဲနိုင်တဲ့အကောင်းဆုံးနည်းပါ။ဒါပေမယ့်
အိမ်မွေးတိရစ္ဆာန်လေးတွေကိုချစ်ခင်ယုယပြီးမွေးမြူထားတတ်တဲ့မိသားစုတွေမှာတော့အိမ်မွေးတိရစ္ဆာန်ကြောင့်ဓာတ်မတည့်
မှုမဖြစ်အောင်တိန်းချုပ်နိုင်မဲ့နည်းကိုရှာဖွေရပါတော့တယ်။

အိမ်သန့်ရှင်းရေးလုပ်ပါ
အိမ်မွေးတိရစ္ဆာန်တွေကြောင့်ဓာတ်မတည့်မှုမဖြစ်တတ်တဲ့သူကအိမ်သန့်ရှင်းရေးကိုလုပ်သင့်ပါတယ်။အိမ်မွေးတိရစ္ဆာန်လေး
တွေသွားလာတတ်တဲ့နေရာအနှံ့သန့်ရှင်းပေးပါ။

ပရိဘောဂများနဲ့ကော်ဇောကိုသန့်စင်ပါ
အိမ်မွေးတိရစ္ဆာန်လေးတွေကအိမ်တွင်းပရိဘောဂတွေပေါ်၊ကော်ဇောပေါ်မှာပြေးလွှားဆော့ကစားလေ့ရှိပါတယ်။သူတို့ရဲ့အမွှေး
အမျှင်လေးတွေကြောင့်ဓာတ်မတည့်မှုဖြစ်တတ်တဲ့အတွက်မကြာခဏသန့်ရှင်းရေးလုပ်ပေးရပါမယ်။

အိပ်ရာခင်းကိုအသစ်လဲပါ
အိမ်မွေးတိရစ္ဆာန်လေးတွေတက်ဆော့သွားတဲ့အိပ်ရာခင်းတွေ၊စောင်တွေနဲ့ခေါင်းအုံးစွပ်တွေကိုလျှော်ဖွပ်ပြီးအသစ်လဲ
ပေးပါ။

အိမ်မွေးတိရစ္ဆာန်ကိုမကြာခဏရေချိုးပေးပါ
အိမ်မွေးတိရစ္ဆာန်ကြောင့်ဓာတ်မတည့်မှုမဖြစ်ရအောင်အိမ်မွေးတိရစ္ဆာန်ကိုတစ်ပတ်တစ်ကြိမ်ရေချိုးပေးသင့်ပါတယ်။

အညစ်အကြေးများကိုအမြန်လှည်းကျင်းသန့်ရှင်းပါ
အိမ်မွေးတိရစ္ဆာန်လေးတွေစွန့်ပစ်ထားတဲ့မစင်နဲ့အညစ်အကြေးတွေကိုလက်အိတ်စွပ်ပြီးအမြန်ဆုံးရှင်းလင်းပေးပါ။
မစင်နဲ့တခြားအညစ်အကြေးတွေကိုရှင်းလင်းပြီးချိန်မှာအဲဒီနေရာကိုဆက်ပြာရေနဲ့ပွတ်တိုက်ပြီးသန့်စင်အောင်ဖယ်ရှား
ပေးရပါမယ်။

No comments:

Post a Comment