Wednesday, March 13, 2013

Cute Flower Bows!

ဒီတစ်ခါတော့ကလစ်ကလေးလုပ်ကြည့်ရအောင်နော်။ပို့စ်အသစ်တွေမတင်တာကြာတော့အတိုးချပြီးရေးနေရတာ။
စိတ်မဆိုးကြပါနဲ့နော်။ဘာဖြစ်လို့လဲဆိုတော့အိမ်ရှင်မဗိုက်ထဲမှာနောက်ထပ်ကိုယ်ပွားလေးထပ်ရောက်နေလို့ပါ။ကြုံ
တုန်းကြွားလိုက်ဦးမယ်။ဒီတစ်ခါတော့သားလေးတစ်ယောက်ထပ်ရပါတယ်။မိသားစုဘ၀လေးပြီးပြည့်စုံသွားသလိုခံစား
ရတယ်။ပျော်လိုက်တာလဲအရမ်းဘဲ။Mayလနောက်ဆုံးပတ်လောက် Date ပေးထားတယ်။နီးနေပြီ...။
ကဲခုနက ကလစ်ကိစ္စပြန်ဆက်ဦးမယ်။လိုအပ်တဲ့ပစ္စည်းတွေကတော့....
၁။၉လက်မအရှည်ဖဲကြိုးအပြားကြီး
၂။၇လက်မခွဲအရှည်ဖဲကြိုးအပြားသေး
၃။ကော်
၎။ကြယ်သီး
၅။ကလစ်
၆။ဖယောင်းစက္ကူ
ပြုလုပ်နည်း
၁။အရင်ဆုံးဖဲကြိုးလေးတွေကိုလိုသလိုဖြတ်လိုက်ပါ။
၂။ဖဲကြိုးလေးတွေကိုစက်ဝိုင်းပုံစံလုပ်ပြီးကော်နဲ့ကပ်လိုက်ပါ။
၃။ပြီးရင်ဖဲကြိုးလေးတွေကိုပန်းပွင့်ပုံစံပြုလုပ်ပြီးအလွှာလိုက်ထပ်ပြီးကော်နဲ့ကပ်လိုက်ပါ။
၎။ဖဲကြိုးအသေးကိုလဲထိုနည်းအတိုင်းပြုလုပ်ပါ။
၅။နောက်ဖဲကြိုးအကြီးပေါ်ဖဲကြိုးအသေးတင်လိုက်ပြီးပန်းပွင့်ပုံပေါ်အောင်ပြုလုပ်ပြီးကော်နဲ့ကပ်လိုက်ပါ။

၆။ပြီးရင်အလယ်မှာကြယ်သီးလေးတပ်ပြီးအလှဆင်လိုက်ပါ။
၇။ပန်းပွင့်ရဲ့အလယ်လောက်မှာဖယောင်းစက္ကူကိုကော်နဲ့ကပ်၊ပြီးတော့ကလစ်ကိုတပ်လိုက်ပါ။


အခုဆိုရင်ချစ်စရာကောင်းတဲ့ကလစ်လေးတွေပြီးသွားပါပြီ။ကိုယ်ကိုယ်တိုင်ပဲတပ်တပ်၊လက်ဆောင်ပေးချင်ရင်ပဲ
ဖြစ်ဖြစ်အသုံးဝင်ပါတယ်။



No comments:

Post a Comment