Sunday, November 18, 2012

သင့်အသားအရောင်နဲ့လိုက်ဖက်သောကွန်ဆဲလ်လာရွေးချယ်မှု


ကွန်ဆဲလ်လာမှာကွဲပြားတဲ့အရောင်မျိုးစုံရှိတတ်ပါတယ်။သင့်အသားအရောင်နဲ့လိုက်ဖက်တဲ့ကွန်ဆဲလ်လာရွေးချယ်တတ်
ဖို့တော့လိုပါတယ်။
အစိမ်းဘက်သန်းတဲ့အရောင်
ကွန်ဆဲလ်လာထဲမှာအစိမ်းရောင်ဘက်သန်းတဲ့အရောင်မျိုးကအရေပြားနီမြန်းတဲ့သူ၊၀က်ခြံပေါက်တဲ့သူနဲ့အမာရွတ်ရှိ
တဲ့သူတွေသုံးသင့်တဲ့အရောင်မျိုးပါ။
ပန်းရောင်
ပန်းရောင်ကွန်ဆဲလ်လာကတော့မျက်ဝန်းတစ်ဝိုက်ညိုနေတဲ့သူတွေသုံးသင့်ပါတယ်။
အ၀ါရောင်
အ၀ါရောင်ကွန်ဆဲလ်လာကတော့တောက်ပမှုကိုဆောင်ပြီးပန်းရောင်သန်းတဲ့အရေပြားပိုင်ရှင်တွေသုံးသင့်ပါတယ်။
လိမ္မော်ရောင်
လိမ္မော်ရောင်ကွန်ဆဲလ်လာကတော့အသားညိုတဲ့သူတွေသုံးပေးသင့်ပြီးမျက်ဝန်းတစ်ဝိုက်မှာပြာနှမ်းနေတတ်တဲ့သူတွေ
သုံးပေးသင့်ပါတယ်။       

No comments:

Post a Comment