Thursday, August 9, 2012

အသားကင်စားတဲ့အခါမီးအန္တရာယ်ကင်းစေဖို့

ဘာဘီကျု့လို့ခေါ်တဲ့အသားကင်စားတဲ့အခါအကောင်းဆုံးမီးပြောင်းကတော့လေဖားဖိုပါပဲ။အဲဒါကယပ်တောင်နဲ့ခပ်သလိုမီးပွားမလွင့်ဘဲနဲ့မီးကိုအရှိန်မပျက်တောက်စေတယ်လေ။
ဘာဘီကျု့မီးဖိုကိုမီးမကူးနိုင်တဲ့သံပြား(သို့)သမံတလင်းပေါ်မှာချထားပါ။ခြံအပြင်မှာဝိုင်းဖွဲ့စားကြတယ်ဆိုရင်အိမ်ခန်းပြတင်းပေါက်တွေ၊တံခါးပေါက်တွေကိုပိတ်ထားပါ။မီးခိုးတွေ၊ပြာတွေအိမ်ထဲလွင့်မ၀င်အောင်ပေါ့။
အရေးကြုံရင်သုံးရအောင်ရေပုံး၊သဲ၊ရေပိုက်လုံးစတာတွေကိုအနီးအနားမှာအသင်ထားရှိပါ။ဘာဘီကျု့တွေပြန်နွှေးဖို့ပဲဖြစ်ဖြစ်၊မီးမွှေးတာပဲဖြစ်ဖြစ်မြန်မြန်မီးတောက်စေဖို့ဓာတ်ဆီ၊ဖယောင်းအပြင်တခြားမီးတောက်လောင်လွယ်တဲ့ပစ္စည်းတွေကိုလုံးဝမသုံးပါနဲ့။အလွယ်လမ်းမလိုက်မိပါစေနဲ့။
တစ်မိုးတွင်းလုံး၊တစ်ဆောင်းတွင်းလုံးသိမ်းထားတဲ့မီးဖိုကိုစသုံးဖို့ထုတ်တဲ့အခါဂက်စ်မီးဖိုရဲ့ဂက်စ်ထွက်တဲ့အပေါက်ငယ်လေးတွေကိုသေချာသန့်စင်ပါ။
မီးဖိုကိုမီးတောက်နေတဲ့မီးခဲတွေအပြည့်အလျှံနဲ့တစ်နေရာကတစ်နေရာမရွှေ့ပါနဲ့၊မ,မပါနဲ့။သင့်ခြေလက်တွေကိုမတော်တဆမီးလောင်မှုဖြစ်စေမှာမို့ပါ။

No comments:

Post a Comment