Thursday, August 30, 2012

ရှေးဦးသူနာပြုစုရန်လိုအပ်သောဆေးပစ္စည်းများ

သင့်အိမ်အတွင်းအရေးပေါ်အခြေအနေတွေမှာအသုံးပြုနိုင်အောင်အကိုက်အခဲပျောက်ဆေး၊အစာကြေဆေး၊ချောင်းဆိုးပျောက်ဆေး၊
အအန်ပျောက်ဆေး၊အအေးမိနှာဆေးပျောက်ဆေးနဲ့ထိခိုက်မှုအန္တရာယ်အတွက်အရက်ပြန်၊ပတ်တီးအစရှိတာတွေကိုဆေးဗီရိုတစ်ခုနဲ့
စနစ်တကျထားရှိဖို့လိုပါတယ်။သင့်ရဲ့ဆေးဗီရိုဟာစင်ပေါ်ကဖုန်တွေကြားမှာဖြစ်မနေဖို့ဂရုစိုက်ရပါမယ်။သင့်ဆေးဗီရိုကိုအိမ်သုံးပစ္စည်းတစ်ခုလို
သဘောထားပြီးသင့်အတွက်လိုအပ်တဲ့ဆေးတွေကိုအမြဲတမ်းဖြည့်ထားပေးရပါမယ်။ရှေးဦးသူနာပြုစုဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတစ်နေရာတည်းမှာ
စုစုစည်းစည်းသိမ်းထားရပါမယ်။
ဒါမှအရေးပေါ်အခြေအနေဖြစ်ရင်ပစ္စည်းတွေကိုနေရာအနှံ့လိုက်ရှာစရာမလိုတော့ဘူးပေါ့။ဆေးဗီရိုထဲမှာရှေးဦးသူနာ
ပြုစုဖို့အတွက်အောက်မှာဖော်ပြထားတဲ့ပစ္စည်းတွေထည့်ထားသင့်တယ်လို့ကျွမ်းကျင်သူတွေကအကြံပေးထားပါတယ်။
  • ပတ်တီးအရွယ်အစားမျိုးစုံ
  • တိပ်(စက္ကူဒါမှမဟုတ်အ၀တ်)တစ်လက်မအကျယ်
  • ပိုးသန့်စင်ထားတဲ့ပိတ်စ(Gauze)
  • ၀ါဂွမ်းလုံးများ
  • အကိုအခဲပျောက်ပတ်တီး(ဥပမာ-Tiger balm plaster)
  •  ကတ်ကြေး(အ၀တ်စကိုဖြတ်နိုင်အောင်ထက်ရပါမယ်)
  • ပိုးသတ်ဆေး(ဥပမာ-အရက်ပြန်)
  • မျက်စိဆေးရည်(မျက်စိဆေးတဲ့ခွက်နဲ့အတူ)
  • ပဋိဇီဝလိမ်းဆေးခရင်မ်
  • ဟိုက်ဒရိုကော်တီဆုမ်းဝ.၅%ပါဝင်တဲ့ရောင်ရမ်းမှုပျောက်လိမ်းဆေး
  • ယားယံပျောက်လိမ်းဆေး(ဥပမာ-ကလမိုင်းလိုးရှင်း)
  • ရေနံဂျယ်လီ
  • ရေခဲအိတ်
  • ရေနွေးအိတ်
  • ဆူးနဲ့ပြင်ပပစ္စည်းကိုဆွဲထုတ်နိုင်ဖို့အတွက်ဇာဂနာနဲ့အပ်
  • လက်ဖက်ရည်ဇွန်း
  • သာမိုမီတာ
  • အဖျားကျအောင်နဲ့အကိုက်အခဲသက်သာအောင်အက်စပရင်ဒါမှမဟုတ်ပါရာစီတမော့လိုဆေးမျိုးတွေ
  • အစာကြေဆေး(Antacid)ဆေး
  • အအေးမိဝေဒနာဒါမှမဟုတ်ဓာတ်မတည့်မှုပြသနာအတွက်Antihistamineဆေး
  • ချောင်းဆိုးပျောက်ဆေး
  • ၀မ်းနုတ်ဆေးအပျော့စား
  • ၀မ်းပိတ်ဆေး
  • အအန်ပျောက်ဆေးတွေပဲဖြစ်ပါတယ်။

No comments:

Post a Comment