Monday, August 27, 2012

လက်ရှိအရွယ်ထက်ငယ်နုသွားရလေအောင်

လက်ရှိအရွယ်ထက်ပိုပြီးငယ်နုသွားစေဖို့သင့်ဆံပင်သားပျော့ပျောင်းမှုနဲ့အရောင်အဆင်းဟာအရေးပါ ပါတယ်။သင့်အတွက်အသုံးဝင်စေမယ့်လွယ်ကူတဲ့နည်းလမ်း၁၀ခုကိုဖော်ပြပေးလိုက်ပါတယ်။
၁။ပိုမိုလှပတဲ့မျက်နှာထား
 ဆံပင်တွေအားလုံးကိုစုပြီးစည်းနှောင်ထားမယ့်အစားသင့်နဖူးပေါ်နားမှာဝဲကျနေတဲ့ဆံသားတွေကြောင့်သင့်ကိုပိုပြီးနုပျိုစေသလိုနဖူးနေရာကအရေးကြောင်းတွေကိုလည်းဖုံးအုပ်ပေးနိုင်ပါတယ်။

၂။လန်းဆန်းနေစေမယ့်ရနံ့
 ဆံသားကိုဖျန်းတဲ့စပရေးတွေကိုလန်းဆန်းသွားစေတဲ့ပန်းရနံ့တွေရွေးချယ်ပြီးသင့်ဦးခေါင်း၊ဆံသားနဲ့ခြောက်လက်မလောက်အကွာအဝေးကနေဖျန်းပေးပါ။ဆံပင်ပုံစံကိုကြာရှည်ခံစေတဲ့အပြင်လန်းဆန်းနေစေပါတယ်။

၃။ခေါင်းလျှော်ရည်နဲ့လှည့်စားပါ
    အသက်အရွယ်ရလာချိန်မှာဆံသားကအဆီတွေကဆုံးရှုံးလာတတ်ပါတယ်။ဒါတွေကိုထိန်းသိမ်းဖို့လိုပါတယ်။နေ့တိုင်းခေါင်းလျှော်တာမျိုးမဟုတ်ဘဲ၁ပတ်ကို၂ကြိမ်-၄ကြိမ်လောက်သာလျှော်ပါ။ရေဓာတ်ပါဝင်တဲ့ခေါင်းလျှော်ရည်သုံးပေးပါ။

၎။ဆံပင်အရောင်ဖောက်ပါ
 ပုံမှန်အရောင်ထက်အနည်းငယ်ပိုတောက်တဲ့ဆံပင်အရောင်တွေကိုသင့်ဆံသားထိပ်ပိုင်းနေရာနားမှာဖောက်ပြီးဆိုးပေးပါ။ဆံသားအရောင်ကြောင့်သင့်အရေပြားအရောင်ကိုပါတောက်ပလာစေပါတယ်။

၅။ဆံသားထူတယ်ထင်ရအောင်
 လှိုင်းတွန့်နဲ့အကောက်ပါတဲ့ဆံသားဟာသင့်ဆံပင်ကိုထူတယ်လို့ထင်ရစေပါတယ်။ဆံသားအရှည်ကိုအဖျားနေရာကလှိုင်းတွန့်ပါတဲ့ဆံသားတွေဟာဘယ်လိုမျက်နှာမျိုးနဲ့မဆိုလိုက်ဖက်ပြီးတော်ဝင်ဆန်စေပါတယ်။

၆။ဆံပင်သပ်တင်ပါ
 မျက်နှာတစ်ဝိုက်နားမှာကျနေတဲ့ဆံသားတွေဟာသင့်ကိုယ်လုံးထက်ပိုပြီးလှုပ်ရှားနေရပါတယ်။ဆံနွယ်တွေရဲ့သက်ဝင်လှုပ်ရှားမှုမျိုးကြောင့်သင့်ကိုပိုပြီးငယ်ရွယ်နုပျိုစေပါတယ်။

၇။ဘီယာနဲ့ဆံသားပျော့ပါစေ
 ဆံသားထူထဲပြီးပျော့ပျောင်းစေဖို့ခေါင်းလျှော်ပြီးချိန်ဘီယာတစ်ခွက်နဲ့ဆံသားအနှံကိုလောင်းချပြီးမိနစ်၂၀ခန့်ထားကာရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။

၈။အဖျားတိပါ
အရေပြားကဆဲလ်သေတွေကိုနေ့စဉ်ဖယ်ရှားရသလိုပဲဆံပင်အဖျားနေရာကခြောက်သွေ့ကြမ်းတမ်းနေတဲ့ဆံသားတွေကို၆ပတ်နဲ့၈ပတ်တစ်ကြိမ်လောက်ညှပ်ပေးပါ။

၉။ဆံသားတောက်ပစေဖို့
 ဆံပင်သားအမြန်တောက်ပစေတဲ့ဆံပင်အလှပြင်ပစ္စည်းတွေဈေးကွက်တွေမှာဝယ်လို့ရနေပါပြီ။သင့်ဆံပင်သားပုံစံပေါ်မူတည်ပြီး၁ပတ်ဒါမှမဟုတ်၁လတစ်ကြိမ်လောက်ရွေးချယ်အသုံးပြုပေးပါ။

၁၀။ဆံသားအသစ်ကိုလည်းဂရုစိုက်ပါ
 ဆံသားအရောင်ဆိုးပြီးလို့ပြီးပြီလို့မထင်ပါနဲ့။နောက်ထပ်ပေါက်လာတဲ့ဆံသားဖြူဖြူတွေကိုလည်းဂရုစိုက်ပြီးဆေးဆိုးပေးပါ။           

No comments:

Post a Comment