Wednesday, September 26, 2012

အလှဆင်မယ်



ဒီတစ်ခါသူငယ်ချင်းတို့ရဲ့အိမ်နံရံဧည့်ခန်းမှာဖြစ်ဖြစ်၊ကိုယ်ရဲ့အခန်းမှာဖြစ်ဖြစ်ချိတ်ဆွဲအလှဆင်ဖို့အတွက်နည်းလမ်းလေး
တစ်ခုပေးချင်ပါတယ်။ဘာလဲဆိုတော့ပလပ်စတစ်ဇွန်းလေးတွေကိုပုံဖော်အလှဆင်နည်းလေးပါ။နည်းလေးကိုတော့အောက်
မှာအဆင့်ဆင့်ဖော်ပြထားပါတယ်။
၁။ပလပ်စတစ်ဇွန်းအချောင်း၅၀လောက်လိုပါတယ်။ပြီးရင်ကိုယ်နှစ်သက်ရာအရောင်ကိုဆေးမှုတ်လိုက်ပါ။


၂။ဆေးခြောက်သွားရင်ပုံမှာပြထားတဲ့အတိုင်းဇွန်းလေးတွေကိုအစဉ်လိုက်စီပြီးကော်နဲ့ကပ်လိုက်ပါ။
၃။ပြီးသွားရင်ဖဲကြိုးလေးနဲ့ချိတ်ဆွဲလိုက်ရင်ဒီဇိုင်းဆန်းလေးတစ်ခုရပြီပေါ့။

Smartကျသောအမျိုးသားတစ်ယောက်၏ဖက်ရှင်

အမျိုးသမီးတွေအတွက်အလှအပရေးရာနဲ့ဖက်ရှင်တွေအကြောင်းပဲရေးနေရတာ၊အခုတော့အမျိုးသားတွေအတွက်
ရှိသင့်တဲ့ဖက်ရှင်လေးတွေနဲ့ ဆွဲဆောင်မှုရှိစေတဲ့သွင်ပြင်လေးတွေကိုရေးသားဖော်ပြလိုက်ပါတယ်။
အမျိုးသားတစ်ယောက်ဖက်ရှင်ကျဖို့အမျိုးသမီးတစ်ယောက်လောက်တော့အလုပ်မရှုပ်ပါဘူး။အောက်မှာဖော်ပြထား
တဲ့အချက်တွေကိုလေ့လာကြည့်လိုက်ဦးနော်။

၁။တစ်ကိုယ်ရေသန့်ရှင်းမှုပါ။လူတိုင်းအတွက်အရေးပါတဲ့အရာဖြစ်ပေမယ့်အမျိုးသားအများစုကအနည်းငယ်အားနည်း
   တတ်ကြပါတယ်။သန့်ရှင်းသပ်ရပ်စွာနေတတ်ဖို့လိုပါတယ်။ 

၂။ပျာယာခတ်နေတာမျိုးကိုရှောင်ပါ။သင့်အမူအရာကပျာယာခတ်နေတာမျိုးမဖြစ်ဖို့လိုပါတယ်။တည်ငြိမ်တဲ့အမူအရာက
   ဆွဲဆောင်မှုပိုစေပါတယ်။

၃။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ပါ။ပျော်ပျော်နေတတ်တာကကောင်းပါတယ်။ပျော်နေတတ်တဲ့အမျိုးသားအများစုကို
    အမျိုးသမီးအတော်များများကသဘောကျတတ်ပါတယ်။

၎။အမြဲတမ်းပြုံးနေတာမျိုးမဟုတ်ပေမယ့်တစ်ဦးနဲ့တစ်ဦးမိတ်ဆက်ချိန်၊စကားပြောချိန်တွေမှာပြုံးရွှင်တဲ့မျက်နှာထားကြောင့်
   ခင်မင်သူပေါပြီးမျက်နှာပွင့်စေပါတယ်။ဒါပေမဲ့သူများတွေရယ်ရလောက်အောင်ဟာသဖြစ်တဲ့အထိပျော်တဲ့သူဆိုရင်တော့တချို့
မိန်းကလေးတွေကသဘောမကျတတ်ပါဘူး။

၅။နူးညံ့ကြင်နာတတ်တဲ့အမျိုးသားအများစုကိုအမျိုးသမီးတွေကစိတ်ဝင်စားတတ်ကြပါတယ်။စိတ်ဓာတ်ညင်သာပျော့
  ပျောင်းစေပြီးတည်ငြိမ်မှုရှိစေမယ့်လေ့ကျင့်ခန်းလေးတွေပြုလုပ်ရင်းစိတ်ကိုတည်ငြိမ်အောင်ထိန်းပါ။

၆။သေသပ်ပြီးသန့်ရှင်းတဲ့ဆံပင်စတိုင်မျိုးရှိဖို့လည်းအရေးကြီးတယ်နော်။

၇။အမျိုးသားတစ်ယောက်အတွက်အဖိုးတန်တဲ့အ၀တ်အစားတွေဝတ်ပြီးရှိုးထုတ်ဖို့မလိုပါဘူး။သင့်ခန္ဓာကိုယ်အချိုးအစား
   နဲ့အဆင်ပြေတဲ့အ၀တ်အစားမျိုးကိုဝတ်ဆင်ပြီးသန့်ရှင်း၊သပ်ရပ်ဖို့သာလိုပါတယ်။

၈။လုပ်ငန်းခွင်ဝင်နေရသူပဲဖြစ်စေ၊ကျောင်းနဲ့သင်တန်းတွေတက်နေရသူပဲဖြစ်စေအမျိုးသားတစ်ယောက်အတွက်
နာရီကောင်း၊ဖိနပ်နဲ့မျက်မှန်တစ်လက်နဲ့ခါးပတ်ကောင်းကောင်းတစ်ခုသာလိုပါတယ်။ 
   
 
   
 

ကျွန်မရဲ့ဝါသနာ

'ကျွန်မရဲ့ဝါသနာ'ဆိုတော့ကျွန်မ၀ါသနာပါတဲ့အိမ်မှုရေးရာကိစ္စလေးတွေကိုဆိုလိုတာပါ။အိမ်မှာအိမ်မှုကိစ္စအလုပ်တွေပြီး
လို့အားနေရင်ကိုယ်ဝါသနာပါရာလေးတွေလုပ်တတ်တယ်။အဲဒါကတော့လက်မှုပညာလေးတွေပေါ့။ကိုယ်ကလဲအား
နေရင်မနေတတ်တော့အိမ်မှာအသုံးတဲ့မယ့်ဟာလေးတွေစဉ်းစားပြီးလျှောက်လုပ်နေတတ်တယ်။ပြီးတော့ဘလော့က
သူငယ်ချင်းတွေကိုမျှဝေပေး။ကိုယ်တင်ပေးလိုက်တဲ့အကြောင်းအရာလေးတွေကြိုက်နှစ်သက်တယ်ဆိုရင်ပင်ပန်းရ
ကျိုးနပ်ပါတယ်ရှင်။ကျွန်မရဲ့ဘလော့လေးကိုလာရောက်ကြတဲ့သူငယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ကျွန်မ
လည်းသိလို့တတ်လို့တော့မဟုတ်ပါဘူး။ကိုယ်သိထားတာလေးတွေကိုမသိသေးတဲ့သူတွေအတွက်ဗဟုသုတရစေချင်တဲ့
စေတနာနဲ့ဒီဘလော့လေးကိုတင်ဖြစ်လိုက်တာပါ။နောက်ပြီးကိုယ်ကစကားလဲနည်းတော့ရေးသားရာမှာလိုရင်းတိုရှင်းပဲရေးသား
တော့မရှင်းတာများရှိရင်ခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်။ကျွန်မရဲ့account ကemogirl.poppy25 ပါရှင်။
ဝေဖန်ပေးပါ၊အကြံပေးပါ၊လာရောက်ကြတဲ့သူငယ်ချင်းတွေကိုကျေးဇူးတင်တယ်နော်။

*အသုံးမပြုတော့တဲ့ရေသန့်ဘူးတွေကိုဘယ်နေရာတွေမှာအသုံးပြုလို့ရတယ်ဆိုတာတွေကိုဖော်ပြပေးလိုက်ပါတယ်။။
ဒါကတော့ရေသန့်ဘူးကိုတစ်ဝက်ကပြန်ဖျက်၊မြေသြဇာထည့်ပြီးအပင်လေးတွေစိုက်ထားတာပါ။
ဒါကတော့မြက်ခင်းတွေကိုရေဖျန်းတဲ့အခါအထောက်အကူဖြစ်တာပေါ့။




အပင်လေးတွေကိုမှန်မှန်ရေမလောင်းနိုင်ရင်လဲဒီလိုမျိုးလေးလုပ်လို့ရပါတယ်။
 အိမ်မွေးငှက်ပဲဖြစ်ဖြစ်၊အခြားငှက်ကလေးတွေပဲဖြစ်ဖြစ်ကုသိုလ်ဒါနပြုချင်ရင်လဲဒီလိုမျိုးလေးပြုလုပ်လို့ရပါတယ်။
 

Tuesday, September 25, 2012

အစွန်းအထင်းပျောက်နည်းများ


စက်ဆီပေပါက
 ဆီပေနေတဲ့အ၀တ်ပေါ်ပန်းကန်ဆေးဆပ်ပြာအနည်းငယ်ထည့်ကာပွတ်ပေးပါ။

ပဲငံပြာရည်ပေပါက
ရှလကာရည်အဖြူသုံးကာပွတ်ပေးပါ။

သွေးပေပါက
ဆပ်ပြာမှုန့်မသုံးပါနဲ့။မျက်နှာသစ်ဆပ်ပြာရယ်၊ရေရယ်သုံးကာလက်ချောင်းလေးနဲ့ပွတ်ကာဖျက်ပေးပါ။

နှုတ်ခမ်းနီပေပါက
မလျှော်ခင်အရက်ပြန်အကြည်နဲ့ဖျက်ပါ။

ဝိုင်အနီပေပါက
ရှလကာရည်အဖြူရောင်ကိုအစွန်းပေါ်လောင်းချပါ။

လက်သည်းနီပေပါက
လက်သည်းဖျက်ဆေးမသုံးပါနဲ့။Acetoneအရည်ကိုသုံးကာဖျက်ပါ။    
 
 

၁၂မျိုးဟင်းချို

ပါဝင်ပစ္စည်းများ
ကြက်၊၀က်၊ဘဲတစ်မျိုးမျိုး(၁၀ကျပ်သား)၊ကြက်သွန်နီ၃ဥ၊ကြက်သွန်ဖြူ၂ဥ၊မှိုခြောက်ပန်းခြောက်အနည်းငယ်စီ၊မြူစွမ်အနည်းငယ်၊
ဘဲဥ၁လုံး၊ဂေါ်ဖီ၊မုန်ညှင်း၊ပဲသီးအနည်းငယ်စီ။
၁။အသားကိုရေစင်စင်ဆေး၍နုပ်နုပ်စဉ်းထားပါ။
၂။ကြက်သွန်နီကို၎စိတ်ခွဲ၍တစ်လွှာစီခွာထားပါ။
၃။ဂေါ်ဖီ၊မုန်ညှင်း၊ပဲသီးတို့ကိုလှီးထားပါ။
၎။ကြက်သား(သို့)၀က်သားနှင့်ကြက်သွန်ကိုရေနှင့်နူးအောင်ပြုတ်ပြီးနူးလျှင်မှိုခြောက်ပန်းခြောက်ထည့်ပါ။ဂေါ်ဖီ၊ပဲသီး
   စသည်တို့ကိုထည့်၍ဘဲဥခေါက်ပြီးမြူစွမ်မထည့်မီထည့်ပါ။
၅။မီးဖိုမှချရန်သင့်ပြီဟုယူဆလျှင်မြူစွမ်ထည့်၊ပဲငံပြာရည်အကြည်ထည့်ပြီးအပေါ့အငန်မြည်း၍ချပါ။

သက်ကြီးမိဘများကိုပြုစုစောင့်ရှောက်ပါ

သင့်မိဘတွေကသင်ငယ်စဉ်ကလေးဘ၀တည်းကအရွယ်ရောက်တဲ့အထိသင့်တစ်ဘ၀လုံးပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။
သင်တို့ကိုအရွယ်ရောက်လူလားမြောက်အောင်ပြုစုပျိုးထောင်ရင်းသူတို့တွေအိုမင်းလာချိန်မှာသင့်အနေနဲ့သက်ကြီးမိဘတွေ
ကိုတစ်ဖန်ပြုစုစောင့်ရှောက်ဖို့လိုအပ်လာပါပြီ။သက်ကြီးမိဘတွေကိုပြုစုစောင့်ရှောက်ရာမှာသူတို့စိတ်ကျေနပ်မှုရရှိစေဖို့သိထား
သင့်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

၁)သူတို့နေချင်သောနေရာကိုမေးမြန်းပါ
သင့်မိဘတွေကသင်နဲ့အတူမနေချင်ဘူး။ဒါပေမဲ့သင်ကတော့သင်နေတဲ့နေရာမှာနေဖို့ခေါ်ထားချင်တယ်...။ဒီလိုအခြေ
အနေမှာသူတို့လိုချင်တဲ့အရာကိုအရင်ဆုံးဆွေးနွေးသင့်ပါတယ်။သူတို့အတွက်နေထိုင်ဖို့အဆင်ပြေအောင်၊နေသားတကျ
ဖြစ်အောင်သင်ကပြင်ဆင်ပေးမယ်ဆိုတာမျိုးဆွေးနွေးကြည့်ပါ။တကယ်လို့သူတို့စိတ်ထဲမှာအပြောင်းအရွှေ့အတွက်
စိတ်ဝင်စားမှုမရှိဘူးဆိုရင်အတင်းအကျပ်မတိုက်တွန်းပါနဲ့။သူတို့စိတ်ပါရင်တော့သင့်မိဘတွေရဲ့လိုအပ်ချက်အတိုင်းသင့်
အိမ်ကိုပြင်ဆင်သင့်ပါတယ်။

၂)အပြောင်းအလဲအတွက်ကြိုတင်ပြင်ဆင်ပါ
သင့်အိမ်မှာလူကြီးမိဘတွေရောက်လာပြီဆိုရင်သီချင်းကိုကျယ်ကျယ်ဖွင့်ပြီးနားထောင်တာ၊အပေါင်းအသင်းတွေနဲ့ညလုံး
ပေါက်ပါတီပွဲကျင်းပတာ၊ညဥ့်နက်တဲအထိအပြင်မှာသူငယ်ချင်းတွေနဲ့အချိန်ဖြုန်းတာစတဲ့အမူအရာတွေကိုသင်ပြင်မှဖြစ်
တော့မှာပါ။သင့်မိဘတွေသက်တောင့်သက်သာရှိပြီးစိတ်ချမ်းသာစေဖို့သင့်ဘ၀နေထိုင်မှုပုံစံကိုလည်းပြောင်းသင့်ရင်ပြောင်း
ပေးရပါမယ်။

၃)နေရာပေးကြိုဆိုပါ
သင့်အိမ်မှာသင့်မိဘတွေအတွက်သီးသန့်နေရာ၊အခန်းရှိရပါမယ်။သင့်မိဘတွေကအသက်ကြီးနေပြီဖြစ်တာကြောင့်
အိပ်ခန်း၊အိမ်သာ၊ရေချိုးခန်းတွေကတစ်ဆက်တည်းဖြစ်နေရင်ပိုအဆင်ပြေပါတယ်။

၎)အရိုအသေပေးပါ

သင့်မိဘတွေကသင်နဲ့အတူနေထိုင်တဲ့အခါသင့်အိမ်တွင်းရေးကိစ္စနဲ့တချို့ကိစ္စတွေမှာမိဘတွေရဲ့ဆုံးဖြတ်ချက်ကိုအလေး
ထားစဉ်းစားပါ။သူတို့ရဲ့လမ်းညွှန်မှုနဲ့အုပ်ထိန်းမှုကိုအလေးထားတာကသင့်အတွက်သူတို့တွေကဘယ်လောက်အရေးကြီး
တယ်ဆိုတာသက်သေပြရာရောက်ပါတယ်။

၅)ငွေရေးကြေးရေးအတွက်မပူပန်ပါစေနှင့်

  မိဘတွေကိုလစဉ်လုံလောက်တဲ့ငွေကြေးကန်တော့ပါ။သူတို့ကသင့်မိဘတွေဖြစ်တာကြောင့်သူတို့လိုအပ်တဲ့ငွေကြေးကို
သင့်ဆီကတောင်းဖို့ဝန်လေးနေနိုင်ပါတယ်။တကယ်လို့သင်က၀င်ငွေများများမရှာနိုင်ရင်တောင်သင့်ဝင်ငွေထဲကတချို့ကို
သင့်မိဘတွေအားအလိုက်တသိထောက်ပံ့ပါ။ 

၆)သူတို့နဲ့အတူအချိန်ကုန်ဆုံးပါ


အားလပ်ချိန်ရတိုင်းသက်ကြီးမိဘတွေကိုအချိန်ပေးတွေ့ကာစကားပြောပါ။သင်ကအလုပ်များသူဖြစ်ရင်တောင်သူတို့နဲ့ညစာ
အတူစားတာ၊လမ်းမတူလျှောက်တာတို့လုပ်ဆောင်ပါ။ငယ်စဉ်ကအကြောင်းတွေနဲ့တခြားစိတ်ဝင်စားစရာအကြောင်းတွေကို
အတူတူဝေမျှပြောဆိုရင်းသင့်မိဘတွေအတွက်အချိန်ကောင်းတစ်ခုကိုဖန်တီးပေးသင့်ပါတယ်။     

အဖုအပိန့်ပျောက်ကင်းအောင်ငှက်ပျောသီးကိုအသုံးပြုပါ

တစ်ခုခုနဲ့ဓာတ်မတည့်တာကြောင့်ယားယံတဲ့အဖုအပိန့်တွေပေါက်နေပြီးသင့်မှာလည်းCalamineအရည်အဆင်သင့်
မရှိဘူးဖြစ်နေသလား။အဲဒီနေရာကိုငှက်ပျောသီးရဲ့အတွင်းခွံနဲ့ပွတ်လိုက်ပါ။အဲဒီမှာပါဝင်တဲ့ပိုတက်စီယမ်နဲ့ရောင်ရမ်းတာ
လျော့ကျစေတဲ့ဂုဏ်သတ္တိတွေကြောင့်နာကျင်တာလျော့သွားပြီးအနာကျက်တာမြန်စေပါတယ်။

ကြက်သွန်နီကိုအသုံးပြုပြီးသံချေးတက်တာဖယ်ရှားပါ

်ကြက်သွန်နီကိုထက်ခြမ်းခွဲပြီးသံချေးတက်နေတဲ့ကတ်ကြေး၊ဥယျာဉ်သုံးပစ္စည်းဒါမှမဟုတ်ငွေထည်ပစ္စည်းတွေကိုပွတ်တိုက်
ပေးပြီးအဲဒီပစ္စည်းကြားတစ်နာရီခန့်ညှပ်ထားပေးပါ။ပြီးရင်ကြက်သွန်နီကိုဖယ်ရှားပြီးသံချေးတွေကိုသုတ်ပစ်လိုက်ပါ။ကြက်သွန်
နီရဲ့အင်ဇိုင်းတွေဟာသံချေးတွေကိုဖယ်ရှားပစ်နိုင်တာကြောင့်သတ္တုပစ္စည်းတွေတောက်ပြောင်လာပါလိမ့်မယ်။

မီးပူလောင်သောအရာကိုဖယ်ရှားပါ
သင့်အ၀တ်အစားတွေကိုမီးပူတိုက်တာကြောင့်မီးကျွမ်းတဲ့အရာထင်နေသလား။မီးပူစွန်းတဲ့နေရာကိုကြက်သွန်နီခြမ်း
နဲ့ပွတ်တိုက်လိုက်ပါ။ကြက်သွန်နီခြမ်းကိုအဲဒီနေရာမှာနာရီအနည်းငယ်လောက်ထားပြီးပုံမှန်အတိုင်းအ၀တ်လျှော်ပါ။
မီးပူစွန်းတဲ့နေရာပေါ်မှာကြက်သွန်နီမှဆာလဖျူရစ်အက်ဆစ်တွေပြိုကွဲသွားပြီးအစွန်းအထင်းမကျန်ရစ်အောင်ကာကွယ်
ပေးနိုင်ပါတယ်။ 


Monday, September 24, 2012

Facebook nail designလေးဖော်ကြမယ်

ဒီတစ်ခါလက်သည်းဒီဇိုင်းကိုFacebookဒီဇိုင်းပုံစံလေးဖော်ပြပေးလိုက်ပါတယ်။လိုအပ်တဲ့အရောင်တွေကတော့
  1. Dark blue polish
  2. Light blue polish
  3. White polish
  4. Nail art brushes and/or dotting tool


  1. အရင်ဆုံးလက်သည်းကိုdark blueအရောင်အရင်ဆိုးပါမယ်။
  2. ခြောက်သွားရင်နောက်တစ်ဆင့်အနေနဲ့light blueအရောင်ကိုလက်သည်းရဲ့ထိပ်အရစ်လေးမှာဆိုးပါ။
  3. ပြီးရင်လက်ညှိုးလေးမှာfacebook logoပုံလေးကိုဆွဲလိုက်ပါ။
  4. နောက်ဆုံးအဆင့်အနေနဲ့ခြောက်သွားရင်top coatလေးတင်လိုက်ရင်ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးရပြီပေါ့။

သစ်သားကြမ်းပြင်တောက်ပြောင်သွားအောင်

ရေတစ်ဖန်ခွက်ကိုလက်ဖက်ရည်အိတ်(black tea bags)၂အိတ်နဲ့နှပ်ထားပြီးအအေးခံထားပါ။
သန့်စင်တဲ့အ၀တ်ကိုလက်ဖက်ရည်ထဲနှစ်ပြီးရေညှစ်ကာကြမ်းပြင်ပေါ်တိုက်ပေးပါ။ကြမ်းပြင်အရမ်း
စွတ်စိုမသွားရလေအောင်တော့ဂရုစိုက်နော်။

Recycle

ဒီတစ်ခါသူငယ်ချင်းတို့အိမ်မှာအသုံးမလိုတော့တဲ့ပစ္စည်းတွေကိုလွှင့်မပစ်ဘဲဘယ်နေရာတွေမှာပြန်ပြီးအသုံးပြုလိုရ
တယ်ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။
ငါးသေတ္တာလိုဘူးသေးတွေကိုလွှင့်မပစ်ဘဲကိုယ့်ရဲ့အိမ်မှာအလှစိုက်တဲ့အပင်လေးရဲ့အောက်ခံခွက်အဖြစ်လိုပြုလုပ်လို့ရပါတယ်။

အလှပြင်ဆိုင်မှာပြင်သကဲ့သို့လှပနေစေမည့်ပြင်ဆင်နည်းများ

အလှအပရေးရာကိုစိတ်ဝင်စားတဲ့ပျိုမေတွေအနေနဲ့အိမ်မှာလည်းအလှပြင်ပစ္စည်းတွေစုံလင်နေအောင်ဝယ်ထားတတ်ကြမှာပါ။
အလှပြင်ဆိုင်မှာပြင်ဆင်သလိုပဲ၊သင်ကိုယ်တိုင်အချိန်အနည်းငယ်အတွင်းပြင်ဆင်နိုင်စေမယ့်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁)နှစ်စက္ကန့်အတွင်းဆံသားတောက်ပသွားအောင်
     ဆံသားတောက်ပြောင်စေဖို့သုံးတဲ့ဆံပင်ဖျန်းဆေး(ShinehairSpray)ကိုသင်နှစ်သက်တဲ့ရနံ့မျိုးရွေးဝယ်ပြီးဆံပင်နဲ့၆လက်မ
လောက်အကွာကနေဖျန်းပေးပါ။ဆံသားတောက်ပနေစေသလိုဆံပင်လည်းပုံစံကျနလှပနေစေတာကြောင့်ပါ။ဆံပင်နားကပ်
ပြီးဖျန်းရင်တစ်နေရာတည်းကွက်ပြီးပြောင်နေတတ်ပါတယ်။

၂)ဆံသားထူတယ်ထင်ရအောင်


ခေါင်းဖြီးတဲ့ဘီးအလုံးနဲ့ဆံပင်အခြောက်ခံစက်ကိုသုံးပါ။ဆံပင်အရင်းကနေစဖြီးပြီးဆံပင်မှုတ်စက်နဲ့ကပ်ကာဆွဲပြီးဖြီးချပါ။
အရင်းကနေအဖျားထိဆံပင်ကိုလိပ်ပြီးအခြောက်ခံစက်နဲတစ်လွှာချင်းဖြီးပါ။ဆံသားတွေထူထဲတဲ့ပုံစံဖြစ်လာပြီးညီညာလှပ
နေစေပါတယ်။

၃)ဆံပင်အရောင်တင်မယ်ဆိုရင်

ဆံပင်ကိုမူလအရောင်ထက်ပိုပြီးတောက်ပအောင်အရောင်ဖောက်မယ်ဆိုရင်ခဏတာပြုလုပ်နိုင်စေမယ့်နည်းလမ်း
ရှိပါတယ်။မျက်လုံးဆိုးတဲ့အိုင်းရှဲဒိုးကိုပုလဲပါတဲ့အရောင်ရွေးပြီးသွားပွတ်တံကိုရေဆွတ်ကာအိုင်းရှဲဒိုးကိုယူလိုက်ပြီးအရှေ့
ပိုင်းဆံပင်တစ်လွှာစီကိုဆိုးပေးပါ။သင်လိုသလောက်အရောင်ဖောက်ဆိုးနိုင်ပြီးခေါင်းလျှော်ပြီးချိန်မှာအရောင်ပျောက်
သွားနိုင်တာကြောင့်ဆံသားပျက်စီးမှုလည်းကင်းစေပါတယ်။

၎)ဆံသားဖြောင့်စင်းစေဖို့

ဆံပင်ဖြောင့်စက်အပူနဲ့အပူပေးပြီးဖြောင့်မယ့်အစားဆံပင်ဖြောင့်တဲ့စက်နဲ့တွဲသုံးတဲ့ဆွဲဘီးကိုသုံးပါ။ဆံပင်အရင်းကနေအဖြား
အထိ၅ချက်လောက်ဆွဲပြီးဖြီးပြီးချိန်မှာဆံပင်ဖြောင့်စက်အပူနဲ့ဆွဲသလောက်မဆန့်ရင်တောင်ပင်ကိုဖြောင့်တဲ့ဆံသားတွေကို
ချောမွေ့ဖြောင့်စင်းနေစေပါတယ်။

၅)ဆံပင်ကောက်သားပေါ်အောင်

ဆံသားပျော့ပျောင်းစေတဲ့ဆံပင်လိမ်းစပရေး၊ဒါမှမဟုတ်ခရင်မ်တစ်မျိုးကိုသုံးကာဆံပင်သားအနှံကိုလက်ဖ၀ါးနဲ့ဆုပ်ကာလိမ်း
ပေးပြီးမှဆံပင်အခြောက်ခံစက်နဲ့၃မိနစ်လောက်မှုတ်ပေးလိုက်ပါ။ဆံပင်ကောက်သားကိုပိုမိုပေါ်လွင်စေပြီးအချိန်ကြာကြာလှပ
နေစေပါတယ်။

ပြင်ပအစားအသောက်များကိုစားရာတွင်ကျန်းမာရေးမထိခိုက်ရလေအောင်

လူအများစုဟာအိမ်ပြင်ပစားသောက်ဆိုင်တွေကအစားအသောက်တွေကိုရံဖန်ရံခါဝယ်စားဖြစ်လေ့ရှိပါတယ်။အပြင်
စားသောက်ဆိုင်ကအစာတွေမျာအများအားဖြင့်အဆီ၊ဆားနဲ့ကယ်လိုရီပါဝင်မှုမြင့်မားတတ်ပါတယ်။သူငယ်ချင်းတွေနဲ့
အတူအစာစားတာကအစာကိုအလွန်အကျွံစားဖြစ်တတ်ကြောင်းသိရပါတယ်။ဒါကြောင့်အပြင်မှာအစားအသောက်စား
တဲ့အခါကျန်းမာရေးနဲ့ညီညွတ်မှုရှိအောင်လိုက်နာသင့်တဲ့နည်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁)မှာမည့်အစားအသောက်အကြောင်းသေချာမေးပါ။
စားသောက်ဆိုင်ကမီနူးကတ်ကိုကြည့်ပြီးသင်မှာမယ့်အစားအသောက်ကိုဘာတွေနဲ့ဘာတွေနဲ့ချက်ပြုတ်ပြင်ဆင်ထား
တယ်ဆိုတာမသိရင်စားပွဲထိုးကိုမေးမြန်းနိုင်ပါတယ်။ဒါမှသင်မထည့်စေလိုတဲ့အရာတွေကိုမထည့်ခဲ့ဖို့မှာနိုင်မှာပါ။
၂)ကိုယ်အလေးချိန်ထိန်းနေလျှင်သေချုာစဉ်းစားပြီးမှအပြင်ထွက်စားပါ။
ကိုယ်အလေးချိန်ထိန်းနေသူတွေအဖို့အပြင်စားသောက်ဆိုင်တွေမှာစားမယ်လို့စဉ်းစားထားရင်အပြင်ကအစားအသောက်
တွေမစားခင်အရင်စဉ်းစားပါ။ကယ်လိုရီ၊အဆီ၊သကြားနဲ့ဆားစားသုံးမှုကိုထိန်းချုပ်နိုင်ဖို့အိမ်မှာသေချုာချက်ပြုတ်ထားတဲ့အစာ
ကပိုသင့်တော်ပါတယ်။
၃)မြင်ရသောအဆီများကိုဖယ်ပါ။

အသားတွေမှာကပ်ငြိနေတဲ့အရေခွံနဲ့အဆီတွေကိုဖယ်ပြီးစားပေးတာကပြည့်ဝဆီစားသုံးမှုကိုလျှော့ချရာရောက်ပါတယ်။
၎)အခြားသူနဲ့ဝေမျှစားပါ။
စားသောက်ဆိုင်ကမှာတဲ့တစ်ပွဲစာပမာဏကကြီးမားနေရင်အခြားသူတစ်ဦးနဲ့ဝေမျှစားသောက်သင့်ပါတယ်။ဒါမှမဟုတ်
ပွဲသေးကိုမှာပါ။
၅)အချိုရည်ကိုရှောင်ပါ။
အချိုရည်တွေကိုများများသောက်တာကကိုယ်အလေးချိန်ကိုတိုးစေပါတယ်။
၆)ဟင်းသီးဟင်းရွက်ကိုများများစားပါ။
ဗီတာမင်၊သတ္တုဓာတ်နဲ့တခြားအာဟာရဓာတ်တွေများစွာပါဝင်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့သစ်သီးဝလံတွေကိုများများ
မှာယူစားသောက်ပါ။ဒါဆိုရင်အဆီ၊သကြား၊ဆားနဲ့ကယ်လိုရီပါဝင်မှုမြင့်မားတဲ့အစာတွေကိုလျှော့စားဖြစ်စေပါတယ်။ 
၇)ထမင်းစားပြီးမှအချိုပွဲကိုမှာပါ။
ထမင်း၊ခေါက်ဆွဲစတဲ့HeavyMealတစ်ခုကိုစားပြီးမှသာအချိုပွဲကိုမှာပါ။စားသောက်ဆိုင်ကိုရောက်ရောက်ချင်းထမင်း
လိုHeavyMealနဲ့အတူအချိုပွဲတွေကိုမှာထားတာမျိုးမလုပ်ပါနဲ့။ဗိုက်ပြည့်နေရင်တောင်စားသင့်တာထက်ပိုစားမိသွားနိုင်
ပါတယ်။
၈)အယ်လ်ကိုဟောပါသောအရည်မသောက်ခင်ရေသောက်ပါ။
အရက်ကိုမသောက်ဘဲနေနိုင်ရင်အကောင်းဆုံးပါ။တကယ်လို့မနေနိုင်လို့သောက်မယ်ဆိုရင်အရက်ကိုများများမသောက်
နိုင်အောင်ရေကိုအရင်သောက်ပေးသင့်ပါတယ်။
၉)ဆီကြော်စာများကိုတတ်နိုင်သမျှရှောင်ပါ။
အဲဒီအစာတွေမှာထပ်ခါတလဲလဲကြော်ထားတဲ့ဆီ(ထရန့်စ်ဖက်စ်)ပါဝင်မှုမြင့်မားနေတာကြောင့်ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။
၁၀)သန့်ရှင်းလတ်ဆတ်မှုကိုဆန်းစစ်ပါ။
စားသောက်ဆိုင်တစ်ခုကိုမ၀င်ခင်သန့်ရှင်းလတ်ဆတ်မှုရှိရဲ့လားဆိုတာကိုဆန်းစစ်ပါ။ဝင်ပြီးမှသန့်ရှင်းမှုအဆင့်အတန်း
ကိုကျေနပ်မှုမရှိရင်ပူနွေးတဲ့အစားအသောက်တွေကိုပဲမှာစားပါ။