Monday, October 8, 2012

ဒီဇိုင်းထွင်မယ်




ကိုယ်မှာရှိတဲ့ဖိနပ်လေးတွေဟောင်းသွားရင်အသစ်အတိုင်းဖြစ်သွားအောင်အသွင်ဆန်းလေးဖြစ်သွားအောင်ဒီလိုမျိုးလေး
ပုံစံဖော်ရအောင်နော်။


၁။အရင်ဆုံးပိတ်သားအရောင်တင်တဲ့ဟာနဲ့ရေမြှုပ်လေးသုံးပြီးအရောင်တင်လိုက်မယ်နော်။



၂။ပြီးရင်ပုံမှာပြထားတဲ့အတိုင်းကျောက်လေးတွေကိုကျောက်အကြီးကိုအရင်အတန်းလိုက်ကပ်ပေးပါ။





၃။ပြီးရင်အလတ်ဆိုဒ်၊နောက်အသေး၊အဲဒီလိုမျိုးကျောက်လေးတွေကိုကြီးစဉ်ငယ်လိုက်ပြည့်နေအောင်ကပ်ပေးပါ။
၎။ဒါဆိုရင်လှပတဲ့ပွဲတိုးတဲ့ဖိနပ်လေးရပြီပေါ့။

လွယ်လွယ်ကူကူလက်ကောက်လုပ်မယ်

လိုအပ်တာတွေကတော့
လက်ကောက်လုပ်မယ့်ဝါယာကွင်း(craftရောင်းတဲ့ဆိုင်တွေမှာရနိုင်ပါတယ်)
ပုတီးစေ့(မတူတဲ့အရောင်အကြီး/အသေး)၂မျိုး
ဝါယာကြိုးဖြတ်ဖို့cutterတစ်ခုလိုအပ်ပါတယ်။
၁။ကွင်းကိုကိုယ်လက်နဲ့တော်သလောက်ဖြတ်လိုက်ပါ။ပြီးရင်ထိပ်ကိုပုံမှာပြထားတဲ့အတိုင်းကွေးလိုက်ပါ။ဒါမှပုတီးစေ့
   လေးတွေပြန်မထွက်ကျအောင်လို့ပါ။အဆုံးသတ်တဲ့သဘောပေါ့နော်။

၂။ပြီးသွားရင်ပုတီးစေ့လေးတွေကိုကိုယ်ကြိုက်နှစ်သက်သလိုစီပြီးထည့်လိုက်ပါ။


၃။အားလုံးပြီးသွားရင်ဝါယာကြိုးကွင်းလေးကိုကွေးပြီးခုနကလိုအဆုံးသတ်လိုက်ပါ။ဒါဆိုရင်လှပတဲ့ကိုယ်တိုင်လုပ်တဲ့
   handmadeလက်ကောက်လေးရပြီပေါ့။

Beauty


တစ်နေ့ပန်းသီးတစ်လုံးမှန်မှန်စားပေးခြင်းဖြင့်ရောဂါဘယကင်းဝေးစေတယ်ဆိုတဲ့ပန်းသီးစကားပုံတစ်ခုရှိပါတယ်။
ပန်းသီးဟာနှလုံးရောဂါကိုကာကွယ်နိုင်ပြီးဝမ်းချုပ်ခြင်းကိုတားဆီးပေးပါတယ်။ဝမ်းပျက်ဝမ်းလျှောရောဂါကိုလည်း
ကာကွယ်ပေးပါတယ်။အဆုတ်ရဲ့အလုပ်လုပ်နိုင်စွမ်းအားကိုလည်းမြှင့်တင်ပေးပါတယ်။တကယ်လို့ကိုယ်ဟာသစ်သီး
ဝလံဟင်းသီးဟင်းရွက်စားသုံးသူမဟုတ်ရင်တောင်ဒီသစ်သီးဝလံတွေနဲ့အလှပြင်ရမှာအားနာရှက်ကြောက်နေဖို့မလို
ပါဘူး။ဒါကြောင့်အိမ်ရှင်မတို့မီးဖိုချောင်ထဲကပစ္စည်းအများစုနဲ့အလှပြင်ကြရအောင်လား။
သံလွင်ဆီ
သံလွင်ဆီကိုအနည်းငယ်အပူပေးပြီးနွေးပါ။ပြီးတော့ခြောက်သွေ့တဲ့အသားအရေနေရာကိုလိမ်းပေးပါ။နွေးထားတဲ့
သံလွင်ဆီအနည်းငယ်လောက်ကိုယူပြီးဇလုံထဲဖြည့်ပါ။ဇလုံထဲလက်နဲ့ခြေထောက်ကိုထည့်စိမ်ပါ။လက်စိမ်ပြီးမှခြေထောက်
ကိုစိမ်ပါ။တစ်ခါစိမ်ရင်၁၀မိနစ်ခန့်ကြာအောင်စိမ်ပေးပါ။
ခေါင်းမလျှော်ခင်၁၅မိနစ်လောက်အလိုမှာဆံပင်ကိုသံလွင်ဆီနဲ့လိမ်းပေးပါ။ဆံပင်ကိုမည်းနက်လာစေပြီးပိုပြီးအရောင်
အဆင်းတောက်ပလာစေပါတယ်။
သခွားသီး
သခွားသီးကိုအတုံးလေးတွေစိပ်ပြီးသံပရာသီးတစ်စက်နှစ်စက်ခန့်ဖြူးပေးပါ။ပြီးတော့မျက်နှာကိုလိမ်းပေးပါ။
မျက်လုံးတွေညောင်းပြီးပူနေရင်လည်းသခွားသီးအခွံနဲ့မျက်ခွံကိုအုပ်ပေးပါ။
အသားအရေတွေပူနေတာဆိုရင်လည်းသခွားသီးကိုပါးပါးလှီးပြီးအသားတွေပူနေတဲ့နေရာကိုအုပ်ပေးထားပါ။
သခွားသီးချည်းသက်သက်မဟုတ်ဘဲသံလွင်ဆီနဲ့ပါရောရင်ပိုပြီးကောင်းပါတယ်။
သံပရာသီး
သံပရာသီးကို၂ခြမ်းခြမ်းပြီးမည်းနေတဲ့တံတောင်ဆစ်၊ဒူးခေါင်းနေရာတွေကိုပွတ်ပေးပါ။တစ်ခါပွတ်ရင်၁၅မိနစ်ခန့်
ကြာအောင်ပွတ်ပေးပါ။ဒါမှမဟုတ်အရည်ညှစ်ချပြီးလိမ်းပေးပါ။
ခရမ်းချဉ်သီး
အခွံနွှာပြီးပါးပါးလေးလှီးပေးပါ။ပြီးတော့မျက်နှာကိုအုပ်ပေးပါ။မျက်နှာကိုသန့်ရှင်းစင်ကြယ်စေပါတယ်။ချွေးပေါက်တွေ
လဲပိတ်စေပြီးဝက်ခြံအထွက်နည်းအောင်တားဆီးပေးပါတယ်။
အာလူး
အိပ်ရေးပျက်လို့မျက်ခွံတွေညိုနေတာအတွက်အရမ်းကောင်းပါတယ်။ကြိတ်စက်ထဲထည့်ပြီးအရည်ညှစ်ပြီးကျန်တဲ့
ဟာကိုယူပါ။အရည်သိပ်မကျန်တဲ့ဟာကိုယူပြီးမျက်ခွံပေါ်အုပ်ပေးပါ။ဒါမှမဟုတ်၂ခြမ်းလှီးပြီးမျက်ခွံပေါ်အုပ်ပေးပါ။
တစ်ခါအုပ်လျှင်၁၀မိနစ်ခန့်အုပ်ပေးပါ။
ထောပတ်သီး
ထောပတ်သီးမှည့်မှည့်တစ်လုံးလောက်ယူပြီးမျက်နှာကိုပေါင်းတင်နိုင်ပါတယ်။တစ်ခါပေါင်းတင်လျှင်၁၀မိနစ်ခန့်ထားပါ။
ဂျင်း
ဂျင်းကိုလှီးပြီးbodylotionနဲ့အတူသမသွားအောင်ရောပါ။ပြီးတော့မျက်နှာကိုလိမ်းပေးပါ။မျက်လုံးနေ၇ာကိုတော့ချန်
ထားပေးပါ။မျက်နှာကိုသန့်ရှင်းစင်ကြယ်စေပါတယ်။
နွားနို့ 
အ၀တ်သန့်သန့်တစ်ထည်ကိုယူပြီးနွားနို့နဲ့စိမ်ပေးပါ။စိမ်ပြီးသားနွားနို့ကိုမျက်နှာတစ်ပြင်လုံးအုပ်ပေးပါ။မျက်နှာမှာ
လိုအပ်တဲ့ဓာတ်တွေကိုဖြည့်ဆည်းပေးရုံသာမကအညစ်အကြေးတွေကိုပါသန့်စင်စေပါတယ်။
နွားနို့ဟာမီးလောင်တဲ့အရေပြားတွေအေးမြသွားအောင်လည်းစွမ်းဆောင်နိုင်ပါတယ်။ခြေလက်တွေဖြူစင်သန့်ရှင်းစေ
ဖို့နွားနို့နဲ့လည်းစိမ်ပေးနိုင်ပါတယ်။မစိမ်ခင်နွေးနေအောင်တော့နွေးပေးဖို့လိုပါတယ်။တစ်ခါစိမ်ရင်နာရီဝက်ခန့်လောက်
ထားပေးပါ။
      
      

Wednesday, October 3, 2012

Birthday Card Style


Birthday Card Handmade ဒီဇိုင်းပုံစံလေးပါ။သူငယ်ချင်းတွေကိုလက်ဆောင်ပေးလို့ရတာပေါ့။


အပင်လေးတွေရေလောင်းဖို့(Recycle)

အိမ်မှာအသုံးမလိုတဲ့ရေဘူးတွေကိုဒီလိုလေးလဲသုံးလို့ရတယ်နော်။

 အပ်ကိုအပူပေးပြီးရေဘူးအဖုံးကိုအပေါက်လေးဖောက်လိုက်ပါ။ပြီးရင်ရေလောင်းဖို့အတွက်ရေဘူးလေးရပြီပေါ့။
 ရေအများကြီးလောင်းစ၇ာမလိုတဲ့အပင်လေးတွေအတွက်အသုံးဝင်တာပေါ့။


ကုန်သွားတဲ့ရေမွှေးပုလင်း


ရေမွှေးပုလင်းတွေကုန်သွားတဲ့အခါမလွှင့်ပစ်ပါနဲ့။အဖုံးဖွင့်ပြီးအ၀တ်ဗီရိုထောင့်ထဲထည့်ထားပါ။သင့်အကျီင်္လေးတွေ
မွှေးပျံ့လာပါလိမ့်မယ်။



နွားနို့အကြောင်းသိထားတာလေး

ဟိုတလောကကျန်းမာရေးစာစောင်တစ်ခုကနေနွားနို့အကြောင်းဖတ်လိုက်ရတာပြန်ပြီးဝေမျှပေးချင်လို့ပါ။နွားနို့ကြိုက်
တတ်တဲ့သူတွေသတိထားပြီးသောက်လို့ရအောင်ပေါ့။တချို့ကနွားနို့သောက်ရင်ဝမ်းလျှောတတ်တယ်လို့ပြောကြတယ်။
နွားနို့သောက်လို့ဝမ်းလျှောတယ်ဆိုတာကပထမအနေနဲ့နွားနို့ထဲမှာLactoseဆိုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။အဲဒီဓာတ်
နဲ့မတည့်တဲ့သူတွေက၀မ်းလျှောတတ်ပါတယ်။တချို့နိုင်ငံတွေမှာတော့LactoseFreeဆိုပြီးလက်တို့စ်မပါတဲ့နွားနို့ထုတ်
ထားတာရှိပါတယ်။မြန်မာနိုင်ငံမှာတော့မရှိသေးပါဘူး။လက်တို့စ်ဓာတ်ကိုသန့်စင်ပြီးထုတ်မပေးနိုင်သေးပါဘူး။
နောက်တစ်ချက်စဉ်းစားရမှာကနွားနို့ကစစ်မစစ်ဆိုတာပါပဲ။နွားနို့ကမစစ်ရင်လည်းဖြစ်နိုင်ပါတယ်။အခုနောက်ပိုင်း
နွားနို့ကိုရေရောပါတယ်။ပြီးရင်နွားနို့ပျစ်အောင်လို့ဆိုပြီးMagnesiumSulfateဆိုတဲ့ဓာတ်တွေထည့်ကြပါတယ်။နောက်
အရောင်ဝါအောင်ဆိုပြီးကပ်စေးနှဲတွေထည့်ကြပါတယ်။မလိုင်တက်အောင်ဆိုပြီးစက္ကူတွေထည့်ကြပါတယ်။နွားနို့ကိုရေ
ရောထားလားဆိုတာဟိုက်ဒရိုမီတာနဲ့တိုင်းလို့ရပါတယ်။
နွားနို့ကတကယ်စစ်လို့ဝမ်းလျှောတယ်ဆိုရင်တော့လက်တို့စ်ဓာတ်နဲ့မတည့်တာကြောင့်ပဲဖြစ်နိုင်ပါတယ်။အဲဒီဓာတ်
မပါတဲ့နွားနို့ကတော့နိုင်ငံခြားမှာရှိပါတယ်။မြန်မာနိုင်ငံမှာတော့မရှိသေးပါဘူး။အဲဒါမှမဟုတ်ရင်တာ့နွားနို့တွေကမစစ်
တာလည်းဖြစ်နိုင်ပါတယ်။

ကလေးမွေးပြီးစမိခင်များမိခင်နို့ချိုအထွက်ကောင်းစေရန်

ကလေးမွေးဖွားပြီးစမိခင်တွေအနေနဲ့ကလေးမွေးဖွားပြီးပြီးချင်းအချိန်ကနေကလေးအသက်၆လအထိမိခင်နို့ချိုတိုက်
ကျွေးချိန်မှာမိခင်နို့ချို့အထွက်ကောင်းစေဖို့လိုက်နာသင့်တဲ့အချက်တွေရှိပါတယ်။
၁)ကလေးမွေးပြီးတာနဲ့ဖြစ်နိုင်ရင်အချိန်ပိုင်းအတွင်းမိခင်နို့ချိုစတိုက်ပေးရပါမယ်။မိခင်နို့ချိုမထွက်တဲ့အတွက်တခြား
   နွားနို့၊ဖော်မြူလာနို့မှုန့်စတာတွေကိုမတိုက်သင့်ပါဘူး။ကလေးမွေးဖွားပြီးခါစမှာထွက်တဲ့နို့ရည်ကိုနို့ဦးရည်လို့ခေါ်ပြီးအ
 ရည်ခပ်ကျဲကျဲနဲ့နည်းတတ်ပါတယ်။နို့ဦးရည်ဟာပိုးမွှားတွေကိုအကာအကွယ်ပေးနိုင်သလိုမွေးကင်းစကလေးငယ်အတွက်
အစာချေဖျက်ရလွယ်ကူစေကာဗီတာမင်နဲ့သတ္တုဓာတ်တွေကိုကောင်းစွာရရှိစေပါတယ်။ဒါကြောင့်နို့ဦးရည်ကိုတတ်
နိုင်သမျှအစောဆုံးအချိန်မှာတိုက်ကျွေးသင့်ပါတယ်။ရက်ပိုင်းအတွင်းမှာပျစ်တဲ့နို့ရည်တွေထွက်လာမှာဖြစ်သလိုကလေး
ျနို့စို့ရင်စို့သလောက်ခပ်များများထွက်ရှိလာပါလိမ့်မယ်။
၂)ကလေးကိုမိခင်နို့ချိုတိုက်ကျွေးတဲ့အခါမှာအနေအထားမှန်ကန်ပါစေ။ကလေးကိုသေချာပွေ့ဖက်ပြီးနို့ချိုတိုက်ကျွေး
ရမှာဖြစ်သလိုနို့သီးခေါင်းကိုသာမကအညိုရောင်ရင်သားပတ်လည်ကိုပါငုံမိအောင်နို့စို့ခိုင်းရပါမယ်။ဒါမှနို့ထွက်များမှာပါ။
၃)ကလေးကိုနို့ချိုတိုက်ကျွေးရင်းနို့ချောင်းပိတ်တာ၊နို့သီးခေါင်းနာတာစတဲ့ပြဿနာတွေဖြစ်လာလို့မိခင်နို့ချိုတိုက်ကျွေး
တာကိုမရပ်သင့်ပါဘူး။သင့်တော်တဲ့ကုသမှုခံယူရင်းဖြစ်နိုင်ရင်ဆက်လက်တိုက်ကျွေးသင့်ပါတယ်။
၎)မိခင်နို့ချိုအထွက်များစေဖို့ရာအတွက်မိခင်ဖြစ်သူဟာရေများများသောက်ပေးပါ။ကလေးမွေးပြီးရက်ပိုင်းအတွင်း
ရေများများသောက်ရပါမယ်။
၅)ကလေးကိုနို့မတိုက်ခင်မှာရင်သားကိုဆပ်ပြာနဲ့ကြက်သီးနွေးရေသုံးပြီးသန့်ရှင်းစင်ကြယ်အောင်ဆေးကြောပေး
သင့်ပါတယ်။ကလေးကိုနို့တိုက်ပြီးပေမယ့်နို့ကျန်နေသေးရင်နို့တွေကိုညှစ်ထုတ်ပေးရပါမယ်။
၆)နိ့ချိုတိုက်ကျွေးနေချိန်မှာနောက်ထပ်ကလေးမရအောင်သန္ဓေတားမယ်ဆိုရင်တချို့သန္ဓေတားဆေးတွေကနို့ချို
အထွက်နှုန်းကိုလျော့ကျစေတာမျိုးဖြစ်တတ်တာကြောင့်သားဖွားမီးယပ်အထူးကုဆ၇ာဝန်နဲ့တိုင်ပင်ပြီးမှသောက်သုံး
သင့်ပါတယ်။
၇)ကလေးကိုနို့ချိုတိုက်ကျွေးနေချိန်မှာမိခင်အနေနဲ့နို့ထွက်ကောင်းစေဖို့ရာအတွက်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစား
အသောက်တွေကိုစားပေးရပါမယ်။သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်၊အသား၊ငါး၊ကောက်နှံစာ၊ကောင်းတဲ့အဆီစတဲ့အစား
အသောက်မှန်သမျှစားပေးပါ။နို့တိုက်မိခင်ကအစားမရှောင်ရပါဘူး။
၈)ကလေးမွေးပြီးမိခင်နို့ချိုတိုက်ကျွေးနေချိန်မှာဆေးဝါးတွေကိုကိုယ့်သဘောနဲ့ကိုယ်မသောက်သင့်ပါဘူး။နာမကျန်း
မှုအတွက်ဆေးဝါးသောက်ရမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်ပါ။

ကြက်သားခါးပတ်ကြော်

ပါဝင်သောပစ္စည်းများ
ကြက်သား၊နံနံစေ့လှော်၊ဇီယာ၊ငရုတ်သီး၊ခရမ်းချဉ်သီး၊ကြက်သွန်နီ၊မုန်ညှင်းစေ့၊ရှာလကာရည်၊၊မဆလာ၊ဆား၊ဆီ။
ပြုလုပ်နည်း
၁။ကြက်သားကိုအရိုးမပါဘဲအသားချည်းအနေတော်တုံးပါ။ 
၂။နံနံစေ့၊ဇီယာ၊မုန်ညှင်းစေ့၊ငရုတ်သီးတို့ကိုထောင်းပြီးရှာလကာရည်နှင့်တစ်နာရီခန့်စိမ်ပါ။
၃။ဆီ(သို့)ထောပတ်၅ကျပ်သားတွင်ကြက်သွန်ပါးပါးလှီး၍ကြော်ပါ။ခရမ်းချဉ်သီး၃လုံးလှီးထည့်ပြီးဆား၊မဆလာသင့်ရုံ
   ထည့်ပြီးဆီပြန်အောင်ကြော်ပါ။
၎။ပြီးလျှင်အဆင်သင့်စားသုံးနိုင်ပါတယ်။   

ကားမူးခြင်း

ခရီးသွားတဲ့အခါကား၊ရထားပေါ်မှာမူးမော်အော့အန်နေသူများကိုကြည့်ရတာပင်ပန်းလှပါတယ်။ကိုယ်တိုင်ဖြစ်ခဲ့ရင်လည်း
ကာကွယ်နိုင်အောင်၊သူတစ်ပါးဖြစ်တာမြင်တဲ့အခါမှာလည်းကူညီနိုင်စေဖို့နည်းအချို့ကိုပေးလိုက်ပါတယ်။
 ချင်းမှုန်းအနည်းငယ်ကိုအမြဲတမ်းဆောင်ထားပါ။ခရီးစဉ်မစမီနာရီဝက်ခန့်ကြိုတင်ပြီးစားပေးထားပါ။ဗိုက်ထဲမှာဘာအစာ
မှမရှိဘဲဝမ်းဟာဟာနဲ့ခရီးမသွားပါနဲ့။သင့်တင့်ရုံစားသောက်သွားပါ။ အထူးသတိထားရမှာကတော့ခရီးမစမီမှာအရက်ယမကာလုံးမမှီဝဲဖို့ပါပဲ။ကိုယ်ပိုင်ကားနဲ့ဖြစ်စေ၊အဝေးပြေးကားနဲ့ဖြစ်စေ
ခရီးသွားတဲ့အခါဒရိုင်ဘာဘေးကခုံကိုဖြစ်နိုင်လျှင်ရွေးပြီးထိုင်ပါ။စာလုံးဝမဖတ်ပါနဲ့။ရှေ့တည့်တည့်ကိုသာကြည့်ပါ။သို့မဟုတ်
အသက်ကိုခပ်ပြင်းပြင်းရှူရင်းသင့်မျက်လုံးများကိုမှိတ်ပြီးနားနားနေနေလိုက်ပါနိုင်ပါတယ်။

Tuesday, October 2, 2012

သစ်သားထည်အရောင်တောက်အောင်

သစ်သားထည်ပရိဘောဂတွေအရောင်မွဲနေရင်စီးကရက်ပြာကိုရေနဲ့ရောဖော်ပြီးအဲဒီသစ်သားထည်ပေါ်လူးထားပေးပါ။
အဲဒီနောက်နူးညံ့သန့်ရှင်းတဲ့အ၀တ်စတစ်ခုနဲ့အသာပွတ်ပေးလိုက်ရင်ပရိဘောဂတွေအရောင်တောက်ပြောင်လာပါလိမ့်မယ်။

Wednesday, September 26, 2012

အလှဆင်မယ်



ဒီတစ်ခါသူငယ်ချင်းတို့ရဲ့အိမ်နံရံဧည့်ခန်းမှာဖြစ်ဖြစ်၊ကိုယ်ရဲ့အခန်းမှာဖြစ်ဖြစ်ချိတ်ဆွဲအလှဆင်ဖို့အတွက်နည်းလမ်းလေး
တစ်ခုပေးချင်ပါတယ်။ဘာလဲဆိုတော့ပလပ်စတစ်ဇွန်းလေးတွေကိုပုံဖော်အလှဆင်နည်းလေးပါ။နည်းလေးကိုတော့အောက်
မှာအဆင့်ဆင့်ဖော်ပြထားပါတယ်။
၁။ပလပ်စတစ်ဇွန်းအချောင်း၅၀လောက်လိုပါတယ်။ပြီးရင်ကိုယ်နှစ်သက်ရာအရောင်ကိုဆေးမှုတ်လိုက်ပါ။


၂။ဆေးခြောက်သွားရင်ပုံမှာပြထားတဲ့အတိုင်းဇွန်းလေးတွေကိုအစဉ်လိုက်စီပြီးကော်နဲ့ကပ်လိုက်ပါ။
၃။ပြီးသွားရင်ဖဲကြိုးလေးနဲ့ချိတ်ဆွဲလိုက်ရင်ဒီဇိုင်းဆန်းလေးတစ်ခုရပြီပေါ့။

Smartကျသောအမျိုးသားတစ်ယောက်၏ဖက်ရှင်

အမျိုးသမီးတွေအတွက်အလှအပရေးရာနဲ့ဖက်ရှင်တွေအကြောင်းပဲရေးနေရတာ၊အခုတော့အမျိုးသားတွေအတွက်
ရှိသင့်တဲ့ဖက်ရှင်လေးတွေနဲ့ ဆွဲဆောင်မှုရှိစေတဲ့သွင်ပြင်လေးတွေကိုရေးသားဖော်ပြလိုက်ပါတယ်။
အမျိုးသားတစ်ယောက်ဖက်ရှင်ကျဖို့အမျိုးသမီးတစ်ယောက်လောက်တော့အလုပ်မရှုပ်ပါဘူး။အောက်မှာဖော်ပြထား
တဲ့အချက်တွေကိုလေ့လာကြည့်လိုက်ဦးနော်။

၁။တစ်ကိုယ်ရေသန့်ရှင်းမှုပါ။လူတိုင်းအတွက်အရေးပါတဲ့အရာဖြစ်ပေမယ့်အမျိုးသားအများစုကအနည်းငယ်အားနည်း
   တတ်ကြပါတယ်။သန့်ရှင်းသပ်ရပ်စွာနေတတ်ဖို့လိုပါတယ်။ 

၂။ပျာယာခတ်နေတာမျိုးကိုရှောင်ပါ။သင့်အမူအရာကပျာယာခတ်နေတာမျိုးမဖြစ်ဖို့လိုပါတယ်။တည်ငြိမ်တဲ့အမူအရာက
   ဆွဲဆောင်မှုပိုစေပါတယ်။

၃။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ပါ။ပျော်ပျော်နေတတ်တာကကောင်းပါတယ်။ပျော်နေတတ်တဲ့အမျိုးသားအများစုကို
    အမျိုးသမီးအတော်များများကသဘောကျတတ်ပါတယ်။

၎။အမြဲတမ်းပြုံးနေတာမျိုးမဟုတ်ပေမယ့်တစ်ဦးနဲ့တစ်ဦးမိတ်ဆက်ချိန်၊စကားပြောချိန်တွေမှာပြုံးရွှင်တဲ့မျက်နှာထားကြောင့်
   ခင်မင်သူပေါပြီးမျက်နှာပွင့်စေပါတယ်။ဒါပေမဲ့သူများတွေရယ်ရလောက်အောင်ဟာသဖြစ်တဲ့အထိပျော်တဲ့သူဆိုရင်တော့တချို့
မိန်းကလေးတွေကသဘောမကျတတ်ပါဘူး။

၅။နူးညံ့ကြင်နာတတ်တဲ့အမျိုးသားအများစုကိုအမျိုးသမီးတွေကစိတ်ဝင်စားတတ်ကြပါတယ်။စိတ်ဓာတ်ညင်သာပျော့
  ပျောင်းစေပြီးတည်ငြိမ်မှုရှိစေမယ့်လေ့ကျင့်ခန်းလေးတွေပြုလုပ်ရင်းစိတ်ကိုတည်ငြိမ်အောင်ထိန်းပါ။

၆။သေသပ်ပြီးသန့်ရှင်းတဲ့ဆံပင်စတိုင်မျိုးရှိဖို့လည်းအရေးကြီးတယ်နော်။

၇။အမျိုးသားတစ်ယောက်အတွက်အဖိုးတန်တဲ့အ၀တ်အစားတွေဝတ်ပြီးရှိုးထုတ်ဖို့မလိုပါဘူး။သင့်ခန္ဓာကိုယ်အချိုးအစား
   နဲ့အဆင်ပြေတဲ့အ၀တ်အစားမျိုးကိုဝတ်ဆင်ပြီးသန့်ရှင်း၊သပ်ရပ်ဖို့သာလိုပါတယ်။

၈။လုပ်ငန်းခွင်ဝင်နေရသူပဲဖြစ်စေ၊ကျောင်းနဲ့သင်တန်းတွေတက်နေရသူပဲဖြစ်စေအမျိုးသားတစ်ယောက်အတွက်
နာရီကောင်း၊ဖိနပ်နဲ့မျက်မှန်တစ်လက်နဲ့ခါးပတ်ကောင်းကောင်းတစ်ခုသာလိုပါတယ်။ 
   
 
   
 

ကျွန်မရဲ့ဝါသနာ

'ကျွန်မရဲ့ဝါသနာ'ဆိုတော့ကျွန်မ၀ါသနာပါတဲ့အိမ်မှုရေးရာကိစ္စလေးတွေကိုဆိုလိုတာပါ။အိမ်မှာအိမ်မှုကိစ္စအလုပ်တွေပြီး
လို့အားနေရင်ကိုယ်ဝါသနာပါရာလေးတွေလုပ်တတ်တယ်။အဲဒါကတော့လက်မှုပညာလေးတွေပေါ့။ကိုယ်ကလဲအား
နေရင်မနေတတ်တော့အိမ်မှာအသုံးတဲ့မယ့်ဟာလေးတွေစဉ်းစားပြီးလျှောက်လုပ်နေတတ်တယ်။ပြီးတော့ဘလော့က
သူငယ်ချင်းတွေကိုမျှဝေပေး။ကိုယ်တင်ပေးလိုက်တဲ့အကြောင်းအရာလေးတွေကြိုက်နှစ်သက်တယ်ဆိုရင်ပင်ပန်းရ
ကျိုးနပ်ပါတယ်ရှင်။ကျွန်မရဲ့ဘလော့လေးကိုလာရောက်ကြတဲ့သူငယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ကျွန်မ
လည်းသိလို့တတ်လို့တော့မဟုတ်ပါဘူး။ကိုယ်သိထားတာလေးတွေကိုမသိသေးတဲ့သူတွေအတွက်ဗဟုသုတရစေချင်တဲ့
စေတနာနဲ့ဒီဘလော့လေးကိုတင်ဖြစ်လိုက်တာပါ။နောက်ပြီးကိုယ်ကစကားလဲနည်းတော့ရေးသားရာမှာလိုရင်းတိုရှင်းပဲရေးသား
တော့မရှင်းတာများရှိရင်ခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်။ကျွန်မရဲ့account ကemogirl.poppy25 ပါရှင်။
ဝေဖန်ပေးပါ၊အကြံပေးပါ၊လာရောက်ကြတဲ့သူငယ်ချင်းတွေကိုကျေးဇူးတင်တယ်နော်။

*အသုံးမပြုတော့တဲ့ရေသန့်ဘူးတွေကိုဘယ်နေရာတွေမှာအသုံးပြုလို့ရတယ်ဆိုတာတွေကိုဖော်ပြပေးလိုက်ပါတယ်။။
ဒါကတော့ရေသန့်ဘူးကိုတစ်ဝက်ကပြန်ဖျက်၊မြေသြဇာထည့်ပြီးအပင်လေးတွေစိုက်ထားတာပါ။
ဒါကတော့မြက်ခင်းတွေကိုရေဖျန်းတဲ့အခါအထောက်အကူဖြစ်တာပေါ့။




အပင်လေးတွေကိုမှန်မှန်ရေမလောင်းနိုင်ရင်လဲဒီလိုမျိုးလေးလုပ်လို့ရပါတယ်။
 အိမ်မွေးငှက်ပဲဖြစ်ဖြစ်၊အခြားငှက်ကလေးတွေပဲဖြစ်ဖြစ်ကုသိုလ်ဒါနပြုချင်ရင်လဲဒီလိုမျိုးလေးပြုလုပ်လို့ရပါတယ်။
 

Tuesday, September 25, 2012

အစွန်းအထင်းပျောက်နည်းများ


စက်ဆီပေပါက
 ဆီပေနေတဲ့အ၀တ်ပေါ်ပန်းကန်ဆေးဆပ်ပြာအနည်းငယ်ထည့်ကာပွတ်ပေးပါ။

ပဲငံပြာရည်ပေပါက
ရှလကာရည်အဖြူသုံးကာပွတ်ပေးပါ။

သွေးပေပါက
ဆပ်ပြာမှုန့်မသုံးပါနဲ့။မျက်နှာသစ်ဆပ်ပြာရယ်၊ရေရယ်သုံးကာလက်ချောင်းလေးနဲ့ပွတ်ကာဖျက်ပေးပါ။

နှုတ်ခမ်းနီပေပါက
မလျှော်ခင်အရက်ပြန်အကြည်နဲ့ဖျက်ပါ။

ဝိုင်အနီပေပါက
ရှလကာရည်အဖြူရောင်ကိုအစွန်းပေါ်လောင်းချပါ။

လက်သည်းနီပေပါက
လက်သည်းဖျက်ဆေးမသုံးပါနဲ့။Acetoneအရည်ကိုသုံးကာဖျက်ပါ။