Thursday, December 13, 2012

လည်ချောင်းနာနေလျှင်ဝေဒနာအမြန်ဆုံးပျောက်ကင်းအောင်

၁။ပျားရည်အနည်းငယ်မျိုချပါ
      ပျားရည်မှာအနာကျက်နိုင်တဲ့ဒြပ်ပေါင်းတွေပါဝင်ပြီးလည်ချောင်းအတွင်းရောင်ရမ်းနေတဲ့တစ်သျှူးတွေကြောင့်ဖြစ်တဲ့
နာကျင်မှုဝေဒနာတွေကိုသက်သာစေပါတယ်။အသက်တစ်နှစ်အောက်နို့စို့ကလေးငယ်တွေကိုပျားရည်မတိုက်သင့်ပါ။

၂။ငုံဆေးပြားငုံပါ
      ဂလစ်စရင်း၊မင်သော်ဒါမှမဟုတ်ပျားရည်ပါဝင်တဲ့လည်ချောင်းငုံဆေးပြားတွေဟာလည်ချောင်းနဲ့ခံတွင်းအတွက်
ကောင်းမွန်တာကြောင့်အစာကိုမျိုချရာမှာလွယ်ကူသွားစေနိုင်ပါတယ်။

၃။ဆားရည်နှင့်ပလုတ်ကျင်းပါ

 ရေနွေးတစ်ခွက်စာကိုပျားရည်ထမင်းစားဇွန်းတစ်ဇွန်းစာနဲ့ရောစပ်ပြီးစက္ကန့်၃၀ခန့်အာလုတ်ကျင်းပါ။မကြာခဏပြုလုပ်
ပေးပါ။ဆားကရောင်ရမ်းခြောက်သွေ့နေတဲ့တစ်သျှူးအတွက်အစိုဓာတ်ရရှိစေတဲ့အပြင်ဘက်တီးရီးယားတွေကိုလည်းဖယ်ရှား
နိုင်ပါတယ်။

၎။နာကျင်မှုဝေဒနာပျောက်ဆေး
   နာကျင်မှုဝေဒနာသက်သာအောင်နဲ့ရောင်ရမ်းမှုလျော့အောင်အိုင်ဘူပရိုဖင်၂၀၀မီလီဂရမ်မှ၄၀၀မီလီဂရမ်သောက်ရပါမယ်။
နှာပိတ်ဆေးအသုံးမပြုပ်နှင့်။နှာပိတ်ဆေးကြောင့်နှာရည်တွေပျစ်ခဲသွားနိုင်ကာအနာကျက်နှုန်းနှေးသွားနိုင်လို့ပါ။
နှာရည်ထွက်တာဟာလည်းခန္ဓာကိုယ်မှပိုးမွှားတွေကိုဖယ်ရှားနိုင်ပါတယ်။


၅။ဆရာဝန်နှင့်ပြပါ
   သင့်ရဲလည်ချောင်းနာတဲ့ဝေဒနာဟာ၂ရက်ထက်ပိုကြာနေပြီးသင်ဟာအရည်မမျိုနိုင်ရင်ဒါမှမဟုတ်သင့်ရဲ့အာသီးမှာ
အဖြူရောင်အစက်တွေရှိနေရင်သင်ဟာဘက်တီးရီးယားပိုးကူးစက်ခံရတာဖြစ်နိုင်ပြီးပဋိဇီဝဆေးမှီဝဲဖို့လိုအပ်တာမို့
ဆရာဝန်နဲ့ပြပါ။

No comments:

Post a Comment