Tuesday, October 9, 2012

သံချေးစွန်းခြင်း

သံချေးစွန်းလျှင်ပဲဖြစ်ဖြစ်၊သံချေးတက်သည့်ပစ္စည်းကိုပဲဖြစ်ဖြစ်၊သည်နည်းကိုစမ်းသုံးပြီးအစွန်းချွတ်ကြည့်ပါဦး။
လိမ္မော်ရည်နည်းနည်းကိုဆားအနည်းရော၍သံချေးတက်သည့်နေရာကိုသုတ်လိမ်းထားပါ။ပြီးလျှင်ထိုပစ္စည်းကို
နေရောင်အောက်မှာအခြောက်ခံပါ။
နောက်တစ်နည်းကတော့မုန်လာဥကိုပါးပါးလှီး၍ရေတစ်ခွက်ရောထည့်ပြီးပွက်ပွက်ဆူအောင်တည်၊မုန်လာဥနူးအိ
လာသည့်အခါမုန်လာဥဖတ်များကိုဖယ်ထုတ်ပြီးအရည်ကိုသံချေးတက်သည့်အပေါ်သို့လောင်းချပေးရမယ်။ခဏထား
ပြီးရေဆေးချလိုက်လျှင်အံ့သြလောက်ဖွယ်သံချေးတွေမရှိတော့တာတွေ့ရပါမယ်။

No comments:

Post a Comment