Monday, October 8, 2012

Beauty


တစ်နေ့ပန်းသီးတစ်လုံးမှန်မှန်စားပေးခြင်းဖြင့်ရောဂါဘယကင်းဝေးစေတယ်ဆိုတဲ့ပန်းသီးစကားပုံတစ်ခုရှိပါတယ်။
ပန်းသီးဟာနှလုံးရောဂါကိုကာကွယ်နိုင်ပြီးဝမ်းချုပ်ခြင်းကိုတားဆီးပေးပါတယ်။ဝမ်းပျက်ဝမ်းလျှောရောဂါကိုလည်း
ကာကွယ်ပေးပါတယ်။အဆုတ်ရဲ့အလုပ်လုပ်နိုင်စွမ်းအားကိုလည်းမြှင့်တင်ပေးပါတယ်။တကယ်လို့ကိုယ်ဟာသစ်သီး
ဝလံဟင်းသီးဟင်းရွက်စားသုံးသူမဟုတ်ရင်တောင်ဒီသစ်သီးဝလံတွေနဲ့အလှပြင်ရမှာအားနာရှက်ကြောက်နေဖို့မလို
ပါဘူး။ဒါကြောင့်အိမ်ရှင်မတို့မီးဖိုချောင်ထဲကပစ္စည်းအများစုနဲ့အလှပြင်ကြရအောင်လား။
သံလွင်ဆီ
သံလွင်ဆီကိုအနည်းငယ်အပူပေးပြီးနွေးပါ။ပြီးတော့ခြောက်သွေ့တဲ့အသားအရေနေရာကိုလိမ်းပေးပါ။နွေးထားတဲ့
သံလွင်ဆီအနည်းငယ်လောက်ကိုယူပြီးဇလုံထဲဖြည့်ပါ။ဇလုံထဲလက်နဲ့ခြေထောက်ကိုထည့်စိမ်ပါ။လက်စိမ်ပြီးမှခြေထောက်
ကိုစိမ်ပါ။တစ်ခါစိမ်ရင်၁၀မိနစ်ခန့်ကြာအောင်စိမ်ပေးပါ။
ခေါင်းမလျှော်ခင်၁၅မိနစ်လောက်အလိုမှာဆံပင်ကိုသံလွင်ဆီနဲ့လိမ်းပေးပါ။ဆံပင်ကိုမည်းနက်လာစေပြီးပိုပြီးအရောင်
အဆင်းတောက်ပလာစေပါတယ်။
သခွားသီး
သခွားသီးကိုအတုံးလေးတွေစိပ်ပြီးသံပရာသီးတစ်စက်နှစ်စက်ခန့်ဖြူးပေးပါ။ပြီးတော့မျက်နှာကိုလိမ်းပေးပါ။
မျက်လုံးတွေညောင်းပြီးပူနေရင်လည်းသခွားသီးအခွံနဲ့မျက်ခွံကိုအုပ်ပေးပါ။
အသားအရေတွေပူနေတာဆိုရင်လည်းသခွားသီးကိုပါးပါးလှီးပြီးအသားတွေပူနေတဲ့နေရာကိုအုပ်ပေးထားပါ။
သခွားသီးချည်းသက်သက်မဟုတ်ဘဲသံလွင်ဆီနဲ့ပါရောရင်ပိုပြီးကောင်းပါတယ်။
သံပရာသီး
သံပရာသီးကို၂ခြမ်းခြမ်းပြီးမည်းနေတဲ့တံတောင်ဆစ်၊ဒူးခေါင်းနေရာတွေကိုပွတ်ပေးပါ။တစ်ခါပွတ်ရင်၁၅မိနစ်ခန့်
ကြာအောင်ပွတ်ပေးပါ။ဒါမှမဟုတ်အရည်ညှစ်ချပြီးလိမ်းပေးပါ။
ခရမ်းချဉ်သီး
အခွံနွှာပြီးပါးပါးလေးလှီးပေးပါ။ပြီးတော့မျက်နှာကိုအုပ်ပေးပါ။မျက်နှာကိုသန့်ရှင်းစင်ကြယ်စေပါတယ်။ချွေးပေါက်တွေ
လဲပိတ်စေပြီးဝက်ခြံအထွက်နည်းအောင်တားဆီးပေးပါတယ်။
အာလူး
အိပ်ရေးပျက်လို့မျက်ခွံတွေညိုနေတာအတွက်အရမ်းကောင်းပါတယ်။ကြိတ်စက်ထဲထည့်ပြီးအရည်ညှစ်ပြီးကျန်တဲ့
ဟာကိုယူပါ။အရည်သိပ်မကျန်တဲ့ဟာကိုယူပြီးမျက်ခွံပေါ်အုပ်ပေးပါ။ဒါမှမဟုတ်၂ခြမ်းလှီးပြီးမျက်ခွံပေါ်အုပ်ပေးပါ။
တစ်ခါအုပ်လျှင်၁၀မိနစ်ခန့်အုပ်ပေးပါ။
ထောပတ်သီး
ထောပတ်သီးမှည့်မှည့်တစ်လုံးလောက်ယူပြီးမျက်နှာကိုပေါင်းတင်နိုင်ပါတယ်။တစ်ခါပေါင်းတင်လျှင်၁၀မိနစ်ခန့်ထားပါ။
ဂျင်း
ဂျင်းကိုလှီးပြီးbodylotionနဲ့အတူသမသွားအောင်ရောပါ။ပြီးတော့မျက်နှာကိုလိမ်းပေးပါ။မျက်လုံးနေ၇ာကိုတော့ချန်
ထားပေးပါ။မျက်နှာကိုသန့်ရှင်းစင်ကြယ်စေပါတယ်။
နွားနို့ 
အ၀တ်သန့်သန့်တစ်ထည်ကိုယူပြီးနွားနို့နဲ့စိမ်ပေးပါ။စိမ်ပြီးသားနွားနို့ကိုမျက်နှာတစ်ပြင်လုံးအုပ်ပေးပါ။မျက်နှာမှာ
လိုအပ်တဲ့ဓာတ်တွေကိုဖြည့်ဆည်းပေးရုံသာမကအညစ်အကြေးတွေကိုပါသန့်စင်စေပါတယ်။
နွားနို့ဟာမီးလောင်တဲ့အရေပြားတွေအေးမြသွားအောင်လည်းစွမ်းဆောင်နိုင်ပါတယ်။ခြေလက်တွေဖြူစင်သန့်ရှင်းစေ
ဖို့နွားနို့နဲ့လည်းစိမ်ပေးနိုင်ပါတယ်။မစိမ်ခင်နွေးနေအောင်တော့နွေးပေးဖို့လိုပါတယ်။တစ်ခါစိမ်ရင်နာရီဝက်ခန့်လောက်
ထားပေးပါ။
      
      

No comments:

Post a Comment