Monday, August 12, 2013

ယိုးဒယားပဲကြာဇံသုပ်

ယိုးဒယားပဲကြာဇံသုပ်ကိုပုဇွန်၊ပြည်ကြီးငါးတို့နှင့်သုပ်ပါတယ်။ပုဇွန်နှင့်ပြည်ကြီးငါးကိုရေဆင်အောင်ဆေးပြီးမိနစ်
အနည်းငယ်လောက်ပြုတ်ပါမယ်။ပြုတ်ပြီးလျှင်ပုဇွန်ကိုအခွံခွာ၊ပြည်ကြီးငါးကိုအနေတော်လှီးပြီးသုတ်မယ့်ပန်းကန်ထဲ
ထည့်ထားပါ။ပဲကြာဇံကိုရေဖြင့်မိနစ်အနဲငယ်ပြုတ်ပြီးရေအေးထဲခဏစိမ်ပြီးရေစစ်ထားပါ။ပဲကြာဇံတွေအပူနဲ့နူးသွားမှာ
စိုးလို့ပါ။
ကြက်သွန်၊မုန်လာဥနီ၊ဂေါ်ဖီ။ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်းနှင့်နံနံပင်တို့ကိုပါးပါးလှီးပြီးထည့်ပါ။ရေစစ်ထားသောပဲကြာဇံ
ကိုထည့်ပါ။အသားမှုန့်၊ငံပြာရည်၊ဆားတို့ကိုအနည်းငယ်စီထည့်ပြီးသံပရာရည်လေးအနှံ့ညှစ်ပြီးအပေါ့အငံမြည်းကာသုံး
ဆောင်နိုင်ပါပြီ။
ဒေါ်ပုလက်ရာထဲကပြန်Shareထားတာပါ။

No comments:

Post a Comment