Wednesday, December 12, 2012

Shoe design

ကိုယ့်မှာရှိတဲ့ဖိနပ်လေးတွေဟောင်းသွားရင်၊ဒါမှမဟုတ်ဒီဇိုင်းကရိုးနေလို့မစီးချင်တော့ဘူးဆိုရင်ဘယ်လိုလေးအလှ
ဆင်ရင်ကောင်းမလဲဆိုတာကြည့်လိုက်ရအောင်နော်။
လိုအပ်တာလေးတွေကတော့...
-ဖိနပ်တစ်ရံ
-အပ်ချည်နဲ့အပ်
-သိုးမွေးစ
-နှင်းဆီပွင့်ပုံကြယ်သီး(ကြိုက်နှစ်သက်ရာတခြားဒီဇိုင်းလဲလုပ်လို့ရပါတယ်)


၁။သိုးမွေးစကိုသစ်ရွက်ပုံလေးညှပ်ပြီးအဖျားလေးကိုစုပြီးအပ်ချည်နဲ့အပ်သုံးပြီးချုပ်လိုက်ပါ။
၂။ရလာတဲ့သစ်ရွက်ပုံအစလေးကိုဖိနပ်မှာချုပ်လိုက်ပါ။

၃။ပြီးတော့အရွက်လေးနားကပ်ပြီးတော့နှင်းဆီပွင့်ပုံကြယ်သီးလေးကိုချုပ်လိုက်ရင်ဒီဇိုင်းတစ်မျိုးလေးနဲ့လှပတဲ့ဖိနပ်
   တစ်ရံရပြီပေါ့။
 လွယ်လဲလွယ်လှလဲလှတဲ့ကိုယ်တိုင်စိတ်ကူးဖိနပ်ဒီဇိုင်းလေးပေါ့။

No comments:

Post a Comment